မလှိုင် စက်တင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့၊ အမှတ်(၄)ရပ်ကွက်တွင် ဖွင့်လှစ်ထားရှိသော မြန်မာ့စီးပွားဘဏ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး စည်းကမ်းချက်များအတိုင်း ပင်စင်အမျိုးအစားအလိုက် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွက် ပင်စင်ငွေများကို ယနေ့နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။
မလှိုင်မြို့နယ်တွင် ရပ်ကွက်(၄)ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၂)အုပ်စု၊ ကျေးရွာပေါင်း(၂၄၇)ရွာဖြင့် ဖွဲ့စည်းထားရှိပြီး အဆိုပါရပ်ကွက်/ကျေးရွာများရှိ အငြိမ်းစားတို့၏ ပင်စင်အမျိုးအစားအနေဖြင့် မြို့ပြပင်စင် (၂၉၅) ဦး၊ ကာကွယ်ရေးပင်စင် (၇၃) ဦး၊ နိုင်ငံရေးပင်စင်(၃၆)ဦး၊ စုစုပေါင်း(၄၀၄)ဦး ပင်စင်ထုတ်ယူရာတွင် အခက်အခဲမရှိစေရေးနှင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရမှုမရှိစေရန် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း လိုက်နာဆောင်ရွက်စေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းထက် ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများမှ နှာခေါင်းစည်း (Mask) များ အခမဲ့ဝေငှခဲ့သည်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွက် ပင်စင်အမျိုးအစားအလိုက် ထုတ်ယူမည့်သူ(၄၀၄)ဦးတို့အတွက် ငွေကျပ် (၃၈၅) သိန်းကျော် ထုတ်ပေးသွားမည်ဖြစ်ပါကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ သိရှိရသည်။
အောင်ဌေး(မလှိုင်)