တောင်တွင်းကြီးမြို့နယ် ဝက္က‌သေးကျေးရွာတွင် သီးနှံအခြေခံ (ခရမ်းချဉ်သီး) တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကျင်းပ

​တောင်တွင်းကြီး စက်တင်ဘာ ၂၁

စိုက်ပျိုးရေးထွက်ကုန်အ‌‌ခြေခံ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်တတ်စေရန်၊ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်၊ မိသားစုဝင်ငွေတိုးပွားစေရန်နှင့် ဒေသထွက်သီးနှံများ အလေအလွင့်မရှိ တန်ဖိုးမြင့်မားစွာ ရရှိစေရန်ရည်ရွယ်၍ မကွေးတိုင်း​ဒေသကြီး​၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် သီးနှံအခြေခံ (ခရမ်းချဉ်သီး) တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကို ယနေ့နံနက်(၁၀)နာရီက တောင်တွင်းကြီးမြို့နယ်၊ ဝက္ကသေး ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် ​မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးနိုင်ထူးက အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိအောင် နည်းပညာပေးသင်တန်းများ ဖွင့်လှစ်ပေးနိုင်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ သင်တန်းတက်​ရောက်ကြသူများ အနေဖြင့် အရည်အ​သွေး​ကောင်းမွန်သည့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်​ရောင်းချနိုင်သည်အထိ ကြိုးစားအားထုတ်ခဲ့ကြသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် ထုတ်ကုန်များနှင့်ပတ်သက်သည့် နည်းပညာများလိုအပ်ပါက ဆက်သွယ်နိုင်ပါ‌ကြောင်း ပြောကြားခဲ့ပြီး ဝက္ကသေးကျေးရွာ သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးသောင်းတင်က အသေးစား စက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာ​စေခြင်းဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်​စေမည်ဖြစ်​ကြောင်း၊ နိုင်ငံခြားမှတင်သွင်းလာ​သော လူသုံးကုန်ပစ္စည်းများ​နေရာတွင် ပြည်တွင်းဖြစ်လူသုံးကုန်များဖြင့် အစားထိုးနိုင်ခြင်း၊ နိုင်ငံခြားသုံး​ငွေ​​ လျှော့ချနိုင်​စေခြင်း၊​ ဒေသခံပြည်သူများ ကိုယ်ပိုင်စီးပွား​ရေးလုပ်ငန်းထူ​ထောင်ပြီး တစ်ဦးခြင်းဝင်​​ငွေ တိုးတက်​လာစေမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးဦးစိုးနိုင်ထူးက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် တိုင်း‌‌ဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါ်နုရွှေဇင်၊ ဦးစီးအရာရှိ ဒေါ်စုဝေဖြိုးတို့က ခရမ်းချဉ်သီးအလုံးယို၊ ခရမ်းချဉ်သီးအခြမ်းယို၊  ခရမ်းချဉ်သီးဆပ်ပြာ၊ ခရမ်းချဉ်သီးဖျော်ရည်၊ ခရမ်းချဉ်သီးအမှုန့်၊ ခရမ်းချဉ်သီးအသင့်ချက်ဟင်းချက်အနှစ်၊ Tomato Mix၊ Tomato paste ၊ Tomato shower၊ Tomato shampoo စသည့် ပြုလုပ်နည်း(၁၁)မျိုးတို့ကို စက်တင်ဘာ (၁၅) ရက်​နေ့မှ (၂၁)ရက်​နေ့ထိ  စာတွေ့၊ လက်တွေ့ သင်ကြားပို့ချခဲ့ပြီး သင်တန်းသား/သူ(၂၀)ဦး တက်ရောက်ခဲ့‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)