ပဲခူး စက်တင်ဘာ ၂၁
ပဲခူးခရိုင် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၆ နာရီမှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အလှည့်ကျ ထုတ်ပေးလျက်ရှိသည်။
ထိုသို့ ပင်စင်ထုတ်ပေးရာတွင် ယနေ့ထုတ်ယူရမည့် မြို့တွင်းကြီး၊ နန်းတော်ရာ၊ ရုံးကြီး၊ ရှင်စောပု၊ လိပ်ပြာကန်၊ ပုဏ္ဏားစု၊ ပန်းလှိုင်ရပ်ကွက်များမှအငြိမ်းစားဝန်ထမ်းများအားထုတ်ပေးလျက်ရှိရာ လာရောက်ထုတ်ယူသူ များပြားလျက်ရှိပြီး ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့်လည်း မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)