တောင်ဥက္ကလာပမြို့နယ်၊ ပါရမီလမ်းမကြီးပေါ်တွင် Mask Campaign ပြုလုပ်

တောင်ဥက္ကလာပ စက်တင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်မိုး၏ ကြီးကြပ်မှုဖြင့် ပါရမီလမ်းမကြီးရှိ ပါရမီကားဝန်းရှေ့၌ ယနေ့နံနက်ပိုင်းအချိန်က ကိုဗစ်-၁၉ ရောဂါ ရောဂါပိုးစောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများအား နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျဝတ်ဆင်တတ်သည့် အလေ့အထများကို သိရှိလိုက်နာကျင့်သုံးစေရေး ရည်ရွယ်၍ Mask Campaign ပြုလုပ်ကြောင်းသိရသည်။  

ထိုသို့ Mask Campaign ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာမှ ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာညွှန်ကြားချက်များ၊ လမ်းညွှန်ချက်အပေါ် လိုက်နာကြရန်၊ လမ်းသွားလမ်းလာပြည်သူများအနေဖြင့်  ပါးစပ်နှင့်နှာခေါင်းစည်း Mask စနစ်တကျဝတ်ဆင်၍ နေအိမ်ပြင်ပထွက်ကြရန် အသိပညာပေးပြောကြားလျက် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးကာ Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထက်ထက်(ပြန်/ဆက်)