မင်းလှမြို့နယ်တွင် မြေပြင်လူဦးရေစာရင်း မှန်ကန်မှုရှိစေရန် တိုက်ဆိုင်စစ်ဆေးခြင်း ကွင်းဆင်းဆောင်ရွက်

မင်းလှ   စက်တင်ဘာ  ၂၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စိန်ပုကျေးရွာအုပ်စု၊ ကျွဲတကုန်းကျေးရွာတွင် မြေပြင်လူဦးရေစာရင်း မှန်ကန်မှုရှိစေရန် တိုက်ဆိုင်စစ်ဆေးခြင်းကို ယနေ့နံနက် နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ မြေပြင်လူဦးရေစာရင်း မှန်ကန်မှုရှိစေရန်ဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် အဖွဲ့ဝင်များကြီးကြပ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတို့မှ တာဝန်ရှိဝန်ထမ်းများက ကျွဲတကုန်းကျေးရွာရှိ အိမ်ထောင်စုလူဦးရေစာရင်းများ မှန်ကန်မှုရှိစေရန်အတွက် တိုက်ဆိုင်စစ်ဆေးခြင်းကို ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးဝန်ထမ်းတို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

မင်းလှမြို့နယ်တွင် မြေပြင်လူဦးရေစာရင်း မှန်ကန်မှုရှိစေရန် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပေါက်စ(မင်းလှ)