မင်္ဂလာဒုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါမှ ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်ခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

မင်္ဂလာဒုံ    စက်တင်ဘာ     ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်ရှိ ထောက်ကြန့်ရတနာဈေးအတွင်း၌ ယနေ့နံနက် ()နာရီအချိန် က စျေးသူ၊ စျေးသားများနှင့် စျေးဝယ်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါမှ ကြိုတင်ကာကွယ်နိုင်ရေး ရည်ရွယ်ချက်ဖြင့် ပါးစပ်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေးနှင့် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများကို Mask Campaign  ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဦးစီးမှူး ဦးသန်းဦး ခေါင်းဆောင်သော အဖွဲ့များနှင့် စျေးတာဝန်ခံဥက္ကဋ္ဌ ဒေါ်စန်းစန်းနွယ်တို့ ပူးပေါင်းပါဝင်သည့် အဖွဲ့ဝင်များက ဈေးအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ရေး၊ နေအိမ်ပြင်ပ ထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို မဖြစ်မနေ တပ်ဆင်သွားလာကြရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့် မပျက်မကွက်ထိုးနှံကြရေး စသည့်ကျန်းမာရေး အသိပညာပေးပြောကြားခဲ့ပြီး နှာခေါင်းစည်း Mask များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

မြတ်မွန်ခင် (မင်္ဂလာဒုံ)