ဝေါ စက်တင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပဲခူးခရိုင်၊ ဝေါမြို့ အခြေခံပညာအထက်တန်းကျောင်း (ဝေါအရှေ့)စာကြည့်တိုက်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ပဲခူးခရိုင် ဦးစီးမှူး ဦးစိုးမိုးနှင့် ဦးစီးမှူး ဦးကျော်ဆန်းဝင်း တို့က စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်းလိုက်၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ၊ စီးပွားရေးလုပ်ငန်းရှင်ဆိုင်ရာဥပဒေ၊ စားသုံးသူအခွင့်အရေး (၈)ချက်ပါ အကြောင်းအရာများ၊ စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်များရဲ့ တာဝန်များ၊ စားသုံးသူများတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ နစ်နာသည့် စားသုံးသူများ တိုင်ကြားနိုင်မည့် အခြေအနေများနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ သိသင့်သိထိုက်သည်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)