မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

မန္တလေး     စက်တင်ဘာ    ၂၁

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းမှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး၊ ပြည်ကြီးတံခွန် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်နော်မြတ်မိုးဦးမှ ကိုဗစ် ၁၉ ရောဂါကာကွယ် ဆေးလုံးဝထိုးနှံထားခြင်းမရှိသူများ၊ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားခြင်း မရှိသူများ၊ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံထားရှိသူများနှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံထားသူများ၏ ဖြစ်ပွားနိုင်ခြေရာခိုင်နှုန်းများကို  ပြောကြားခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို အကြိမ်ပြည့်ထိုးနှံကြရန်၊ ကာကွယ်ဆေးထိုးနှံပြီးစီးမှု ကာလ (၆)လ ပြည့်ပြီးသူများအနေဖြင့် ထပ်ဆောင်းကာကွယ်ဆေးများကို မပျက်မကွက်ထိုးနှံကြရန်၊ အရာဝတ္ထုပစ္စည်းများ ကိုင်ကွယ်ပြီးတိုင်း လက်ကိုမကြာခဏ စက္ကန့် (၂၀) ကြာ ရေ၊ ဆပ်ပြာ (သို့မဟုတ်) အယ်လ်ကိုဟော (၆၀)ရာခိုင်နှုန်းပါဝင်သော လက်သန့်စင်ဆေးရည်ဖြင့် စနစ်တကျ ဆေးကြောကြရန်၊ နှာချေခြင်း၊ ချောင်းဆိုးခြင်းပြုသည်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းကို တံတောင်ကွေးဖြင့် လုံခြုံအောင်ဖုံးအုပ်ရန်၊ ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာခံစားရသူရှိပါက နီးစပ်ရာ ကျန်မားရေးဦးစီးဌာနသို့ ချက်ချင်း သတင်းပေးပို့ရန် ဟောပြောခဲ့ကြောင်းသိရှိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲကို မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းနှင့်ဝန်ထမ်းများ၊ ပြည်ကြီးတံခွန်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နော်မြတ်မိုးဦးနှင့် ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း(၁၅)ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား နှာခေါင်းစည်း(Mask)များ အခမဲ့ဝေပေးခဲ့ကြောင်း သိရှိရသည်။

ကျော်ကျော်အောင်(ခရိုင် ပြန်/ဆက်)