လွိုင်ကော် စက်တင်ဘာ ၂၁
ကယားပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့၊ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ဆောင်ရေး ဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်း က လွိုင်ကော်မြို့၊ ကယားပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး၊ ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးရုံးခန်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်နယ်အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ဆောင်ရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ညွှန်ကြားရေးမှူး ဦးသန့်ဇင် က အမှာစကားပြောကြားပြီး ပြည်နယ်အတွင်း အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ဆောင်ရေး ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဆပ်ကော်မတီအသီးသီးတို့က မိမိတို့ဌာနအလိုက် အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ဆောင်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်မည့်လုပ်ငန်း အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး ဆပ်ကော်မတီဥက္ကဋ္ဌ က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)