အင်းစိန် စက်တင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်ရည်ရွယ်၍ ဆိုဒီယမ်ဟိုက်ပိုကလိုရိုက်ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ယမန်နေ့နေ့လယ်(၁၂)နာရီအချိန်က အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းမတစ်လျှောက်နှင့် BPI ဆေးဝါးစက်ရုံလမ်းမတစ်လျှောက်တို့ရှိ လူစည်ကားရာနေရာများနှင့်ကားဂိတ်တို့တွင် ဆောင်ရွက်ခဲ့သည်။
ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို အင်းစိန်မြိုနယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ဇင်လတ်နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ ဆိုဒီယမ်ဟိုက်ပိုကလိုရိုက် ပိုးသတ်ဆေးဖျန်းခြင်းနှင့် ကိုဗစ်- ၁၉ ရောဂါအသိပညာပေး သိကောင်းစရာများကို အသံချဲ့စက်ဖြင့်နှိုးဆော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)