ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး (Talk Show) ကျင်းပ

ဒဂုံအရှေ့  စက်တင်ဘာ  ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (CommunityCentre)တွင် ပြည်သူများ ယာဉ်၊လမ်းအန္တရာယ်ကင်းဝေးရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ သိရှိနိုင်စေရန်ရည်ရွယ်၍ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီအချိန် က ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်က အသိပညာပေး (TalkShow)ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရခြင်းအား ဆွေးနွေးပြောကြား၍ အမှတ်() ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ (ရန်ကုန်)၊ အမှတ်(၂၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု တပ်ဖွဲ့စုမှူး ဒုတိယရဲမှူးမြစန်းဌေး က ပြည်သူများယာဉ်အန္တရာယ်ကင်းဝေးရေးအတွက် အသိပညာပေးဆွေးနွေးရာတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်နေသော ရည်မှန်းချက်တာဝန် ()ရပ်၊ အဓိကတာဝန် ()ရပ်၊ လက်ရှိပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးစေရန် စာသင်ကျောင်းများ၌ ဟောပြောခြင်း၊ လူစည်ကားရာနေရာများတွင် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း အသိပညာပေးခြင်း၊ မော်တော်ယာဉ်နည်းဥပဒေထုတ်ပြန်ချက်များ၊ မော်တော်ယာဉ်၊ ဆိုင်ကယ်စီးသူများလိုက်နာရမည့် စည်းကမ်းများ၊ ခြေလျှင်လျောက်သူများ လိုက်နာရမည့်စည်းကမ်းချက်များနှင့် မြန်မာနိုင်ငံအပါအဝင် အပြည်ပြည်ဆိုင်ရာယာဉ်စည်းကမ်းလမ်းစည်ကမ်းထိန်းသိမ်းနည်း ()နည်းဖြင့် ဆောင်ရွက်မှုတို့အား အကျယ်တဝင့်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို We Love East Dagon facebook page နှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် ပြည်သူစာကြည့်တိုက်တို့တွင် Online အစီအစဉ်ဖြင့် ပြည်သူများသိရှိ၍ ယာဉ်/လမ်းအန္တရာယ် ကင်းဝေးစေရန် အသေးစိတ်ဆွေးနွေးမှုအား လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)