ကျုံပျော်မြို့နယ်၊ ကြခတ်တောကျေးရွာရှိ အခြေခံအိမ်ထောင်စု (၁၄၄)စုအား စားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ

ကျုံပျော် စက်တင်ဘာ ၂၂

ကျေးရွာပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်နှင့် အခြေခံစားကုန်များ ဈေးနှုန်းချို သာစွာ ရရှိစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် သင်တောကြီးကျေးရွာအုပ်စု၊ ကြခတ်တောကျေးရွာရှိ အခြေခံအိမ်ထောင်စု (၁၄၄)စုအား စားသောက်ကုန်များ ဈေးနှုန်းချိုစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အထောင်မြို့ အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းနှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများက အိမ်ထောင်စုတစ်စုအတွက်  ဆန်(၂) ပြည် ကြက်ဥ(၅)လုံးနှင့် ဟင်းသီးဟင်းရွက်မျိုးစုံတို့အား ငွေကျပ်(၂၅၀၀)ဖြင့်  အထူးဈေးနှုန်း ချိုသာစွာ ရောင်းချပေးခဲ့ကြောင်းသိရသည်။

ထိုသို့ အခြေခံစားကုန်များ ဈေးနှုန်းချိုစွာဖြင့် ရောင်းချခြင်းကို ကျုံပျော်မြို့နယ်တွင် စက်တင်ဘာလ ပထမပတ် မှ စတင်၍ ဆောင်ရွက်လျက်ရှိပြီး ကျုံပျော်မြို့ရှိ ပင်လုံ၊ တေဇ၊ မြဝတီနှင့် အောင်ဆန်း ရပ်ကွက်များတွင်၎င်း၊ အထောင်မြို့ရှိ ရပ်ကွက်များတွင်လည်းကာင်း၊ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင်လည်းကောင်း လိုက်လံ ဆောင်ရွက်ပေးလျက်ရှိကာ လာရောက်ဝယ်ယူကြသူများကလည်း ဝမ်းမြောက်လျက်ရှိကြကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)