ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုရှိ အသက်(၈၅)နှစ်အထက်  သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်

ရှမ်းရွာသစ်   စက်တင်ဘာ  ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်များ လက်ဝယ်အရောက်ပေးအပ်လျက်ရှိရာ ယနေ့နံနံနက်ပိုင်းတွင် မဲသမူးကျေးရွာအုပ်စုအတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့က လက်ဝယ်အရောက်ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ငွေပေးအပ်ခြင်းလုပ်ငန်းတွင် သက်ဆိုင်ရာတာဝန်ရှိသူတို့က မဲသမူးကျေးရွာအုပ်စု အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၂၂)ဦးတို့အား ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊ ဒုတိယ (၃)လပတ်အတွက် နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင်တစ်ဦးလျှင် ငွေကျပ်(၃၀,၀၀၀)နှုန်းဖြင့်  စုစုပေါင်းငွေကျပ်(၆၆၀,၀၀၀)ကို လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုအတွင်းရှိ လူမှုရေးပင်စင် အကျိုး ခံစားခွင့်ရှိသည့် အသက်(၈၅)နှစ်အထက်  အဘိုး(၂၅)ဦး၊ အဘွား(၄၉)ဦး စုစုပေါင်း(၇၄)ဦးရှိရာ တစ်ဦးလျှင် ထောက်ပံ့ငွေကျပ်(၃၀,၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၂,၂၂၀,၀၀၀)ကျပ်ကို တာဝန်ရှိသူများတို့က လက်ဝယ်အရောက်စနစ်တကျကွင်းဆင်းထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)