သိန္နီမြို့လူထုအခြေပြုဗဟိုဌာန၌ အခြေခံပညာအလယ်တန်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

သိန္နီ  စက်တင်ဘာ ၂၂

ရှှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ လူငယ်များအား ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ ဗဟုသုတကြွယ်ဝစေရန်၊ မြန်မာစကားပုံများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံပညာအလယ်တန်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်း အချိန်က ကျင်းပခဲ့ကြောင်း သိရသည်၊၊

အဆိုပါပြိုင်ပွဲတွင် ရှေးဦးစွာ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဉီးစီးအရာရှိ ဒေါ်အိအိသိမ့်က ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့် ပြိုင်ပွဲများ ဆောင်ရွက်ရသည့် ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားခဲ့သည်၊၊ ဆက်လက်၍ ပြိုင်ပွဲအားကျင်းပရာ စကားပုံဆက် ပြိုင်ပွဲတွင် ကျောင်းသား/ ကျောင်းသူ(၁၅)ဉီးမှလည်းကောင်း၊ ဉာဏ်စမ်းပ‌ဟေဠိပြိုင်ပွဲတွင် ကျောင်းသား/ ကေျာင်းသူ(၂၀)ဉီးမှ အဖွဲ့(၂) ဖွဲ့ခွဲ၍လည်းကောင်း အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်၊၊ ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိခဲ့သော ကျောင်းသား/ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ခဲ့ကြသည်။ အခမ်းအနားအပြီးတွင် တက်ရောက်လာသော ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ပြသထားသော စာအုပ်၊ စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)