မိတ္ထီလာမြို့နယ်၊ ဆည်အောင်ကျေးရွာ၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းအသိပညာပေး ဟောပြော

မိတ္ထီလာ စက်တင်ဘာ ၂၂

မိတ္ထီလာမြို့နယ်၊ ဆည်အောင်အုပ်စု၊ ဆည်အောင်ကျေးရွာ၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းအသိပညာပေးဟောပြောပြီး လျှပ်စစ်ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ကျေးရွာဒေသခံများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်လျှပ်စစ်ရုံးမန်နေဂျာရုံးမှ မန်နေဂျာဦးမင်းကိုထံက သိရသည်။

အဆိုပါ ဆည်အောင်ကျေးရွာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးရန် စက်တင် ဘာလ ၂ဝ ရက်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ မန်နေဂျာဦးမင်းကိုနှင့်အဖွဲ့ လိုက်ပါကွင်းဆင်းခဲ့ပြီး ကျေးရွာဒေသခံများအား လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောခြင်း၊ လျှပ်စစ်ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ကျေးရွာဒေသခံများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ချမ်းသာ