တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ကာကွယ်ရေးသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီက တံတားဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

ရှင်ဗွေယန်မြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေးခြင်းကို​ ယမန်နေ့ နံနက် ၁၀ နာရီတွင် ထိုးနှံပေးခဲ့သည်။

မင်္ဂလာဒုံမြို့နယ်အတွင်းရှိ စာသင်ကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းနှင့် အပိုဆောင်းကာကွယ်ဆေးများထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တောင်ပိုင်းရပ်ကွက်ရှိ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ယမန်နေ့နံနက်(၉)နာရီအချိန်က အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ဒုတိယအကြိမ်ထိုးနှံပေးခြင်းနှင့် အပိုဆောင်းကာကွယ်ဆေး Sinovac(Coronavac)များ ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

အင်္ဂပူမြို့နယ်တွင် မိုးစပါးစိုက် တောင်သူများအား ဈေးနှုန်းချိုသာစွာဖြင့် (ဒုတိယအကြိမ်) ဓာတ်မြေသြဇာများ ဖြန့်ဖြူးပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်‌အောင်ခရိုင်၊ အင်္ဂပူမြို့နယ် စိုက်ပျိုး‌ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ၂၀၂၂- ၂၀၂၃ ခုနှစ် မိုးစပါးစိုက် တောင်သူများအား စျေးနှုန်းချိုသာစွာဖြင့် ယူးရီးယား ဓာတ်မြေဩဇာ ဖြန့်ဖြူးခြင်းအခမ်းအနား ကျင်းပခဲ့သည်။

ကျိုင်းလပ်မြို့၌ အသားငါးများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/ မရှိ စစ်ဆေးဆောင်ရွက်

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ အသားငါးများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/ မရှိ သိရှိနိုင်ရန် စည်ပင်သာယာရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များအတွင်း အသားငါးရောင်းချသည့်ဆိုင်များအား ယနေ့နံနက် ၈ နာရီက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုလျော့နည်းစေရေး ယာယီဓာတ်အားလိုင်း ပိတ်၍  သစ်ပင်သစ်ကိုင်းများ ရှင်းလင်းဆောင်ရွက်

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်း၊ ဓာတ်အားပျောက်ဆုံးခြင်းများ လျော့နည်းစေရေးတို့အတွက် ဓာတ်အားလိုင်းနှင့် မလွတ်ပင်းသော သစ်ပင်သစ်ကိုင်းများ  ခုတ်ထွင် ရှင်းလင်းခြင်း  ပြည်သူများ ဓာတ်အားပြည့်ဝစွာဖြန့်ဖြူးနိုင်ရေးနှင့် ဓာတ်အား ပြတ်တောက်မှုများ မရှိစေရေးတို့အတွက်  ယနေ့နံနက်(၉)နာရီက ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသည့်နေရာများတွင် စုပေါင်းဆောင်ရွက်ကြကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။

မြောင်းမြမြို့၌ ကျောင်းသား၊ ကျောင်းသူများ ဘက်စုံထူးချွန်စေရန် အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်ပြီးစီး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ အရည်အသွေး တိုးတက်မြင့်မားလာစေရန်နှင့် ဘက်စုံထူးချွန်သူများ ဖြစ်လာစေရန်အတွက် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ စက်တင်ဘာ ၁၉ ရက်နေ့မှစ၍ အခမ်းအနားမှူး သင်တန်းကို (၃) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်း နောက်ဆုံးနေ့နှင့် သင်တန်း ဆင်းပွဲကျင်းပ ပြုလုပ်ကြောင်း သိရသည်။

သံတွဲမြို့၌  စာဖတ်ရှိန်မြင့်မားလာရေးအတွက် Mobile Library  Bus  ဝန်ဖြင့်စာအုပ်အငှားဝန်ဆောင်မှုပေး

ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ပြည်သူများစာဖတ်ရှိန်မြင့်မားလာစေရန် ရည်ရွယ်ပြီး စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သောဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့်စဉ်ဆက်မပြတ်စေရေး၊ အချိန်မကုန်မပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေးတို့အတွက်

နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီ (၅၀)မိနစ်အချိန်က နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to