ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ

ကော့ကရိတ် စက်တင်ဘာ ၂၂

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက်  အိမ်ပြင်ထွက် သွားလာကြသည့် ပြည်သူများအား  နှာခေါင်းစည်း Mask တပ်ဆင်၍ သွားလာကြရေးအသိပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း Mask များကို အခမဲ့ဖြန့်ဝေပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲချိန်က  အမှတ်(၃) ရပ်ကွက် မြို့မစျေးကြီးရှေ့နှင့်လမ်းဆုံလမ်းထောင့်တို့တွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ထိုသို့ဖြန့်ဝေပေးရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးကျော်ကျော်ဦး ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်တို့မှအိမ်ပြင်ထွက် သွားလာနေကြသည့် ပြည်သူများ၊ မြို့မစျေး အတွင်းစျေးရောင်းစျေးဝယ်သူများအား နှာခေါင်းစည်း Mask တပ်ဆင်၍ သွားလာရေး အသိပေးနှိုးဆော်ပြီး Mask များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)