ပေါက်တောမြို့နယ်၌ အသက်(၅)နှစ်မှအသက်(၉)နှစ်အတွင်းရှိ ကျောင်းသား/သူများအား  ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံ

ပေါက်တော စက်တင်ဘာ ၂၂

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၌ အသက်(၅)နှစ်မှအသက်(၉)နှစ်အတွင်းရှိ ကျောင်းသား/ သူများအား ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက အ.ထ.က မြို့မကျောင်းနှင့် အ.မ.က ဘဝမ်းချောင်းဝစုရပ်ကွက် ကျောင်းများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် အသက်(၅)နှစ်မှအသက်(၉)နှစ်အတွင်းရှိ ကျောင်းသား/ သူများအား သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီး ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးကိုထိုးနှံပေးလျက်ရှိသည်။ ယနေ့တွင် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးကို အ.ထ.က မြို့မကျောင်းမှ ကျောင်းသား/ သူ (၁၄၅)ဦး၊ အ.မ.က ဘဝမ်းချောင်းဝစုကျောင်းမှ ကျောင်းသား/သူ (၃၅)ဦး စုစုပေါင်း(၁၈၀) တို့အား ထိုးနှံပေးနိုင်ခဲ့ပြီး ကျန်ရှိသောကျောင်းသား/ သူများကို သတ်မှတ်ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)