တကောင်းမြို့ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကွယ်ဆေးထိုးနှံပေး
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် -၁၉ရောဂါကာကွယ်ဆေးလွှမ်းခြုံမှုအလျင်အမြန်ရရှိစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများအား အရှိန်ဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက တကောင်းမြို့အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့မ (အ.လ.က) ကျောင်းများရှိ သတ်မှတ်စုရပ်များတွင် ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။