ပဲခူးမြို့နယ်၊ အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ကျင်းပ

ပဲခူး စက်တင်ဘာ ၂၇

အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပဲခူးမြို့နယ်၊ အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲကို ယနေ့နံနက် ၇ နာရီက ပဲခူးမြို့ ဟံသာဝတီယူနိုတ်တက်ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။

အကြိုဗိုလ်လုပွဲ ပထမပွဲစဥ်တွင် အ.ထ.က(၁)ကျောင်းနှင့် အ.ထ.က(၅)ကျောင်းတို့ယှဉ်ပြိုင်ကစားကြရာ အ.ထ.က(၅)ကျောင်းမှ ၅ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း၊ ဒုတိယပွဲစဥ်တွင် အ.ထ.က(ဘောနတ်ကြီး)ကျောင်းနှင့် အ.ထ.က(စာလေးကွင်း)ကျောင်းတို့ ယှည်ပြိုင်ကစားကြရာ အ.ထ.က(ဘောနတ်ကြီး)ကျောင်းမှ ၅ ဂိုး ၁  ဂိုး ၁ ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့ကြသည်။

အဆိုပါပဲခူးမြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို အသင်း(၈)သင်းဖြင့် (၄)သင်း(၂)အုပ်စုခွဲကာ စက်တင်ဘာလ(၂၀)ရက်နေ့မှစ၍ ယှဉ်ပြိုင်ကစားခဲ့ကြပြီး စက်တင်ဘာလ ၂၉ ရက်နေ့တွင် တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲအား ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ဆက်)