ကြာအင်းဆိပ်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

ကြာအင်းဆိပ်ကြီး စက်တင်ဘာ ၂၇

စာအုပ်စာစောင်များချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များမှ လစဉ် စဉ်ဆက်မပြတ် ပြုလုပ်ကျင်းပဆောင်ရွက်လျက်ရှိသည့် စာဖတ်ဝိုင်းအား ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် စာရေးဆရာ ‌‌ အောင်ကိုဦး(UMK)ရေးသားထုတ်ဝေသည့်  လူငယ်တို့အတွက် အတွေးစာစုများဖြစ်သည့် (လူငယ်တွေစဉ်းစားဖို့) ခေါင်းစဉ်ပါစာအုပ်၏ ဆောင်းပါး များဖြစ်သည့် လူငယ်နှင့် ရွေးချယ်မှု၊ ဗီဇနှင့်ပတ်ဝန်းကျင်၊ လူငယ်နှင့်အချိန်၊ လူငယ်နှင့်အခွင့် အလမ်း၊ လူငယ်နှင့်စိန်ခေါ်မှုများ ခေါင်းစဉ်ပါဆောင်းပါးများ၏အကြောင်းအရာ အဓိပ္ပာယ်အနှစ်သာရ ဆိုလိုရင်းအကြောင်းအရာများအား စာ အုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များမှတစ်ဦးချင်းစီ အလှည့်ကျဖတ်ကြားပြီး မိမိတို့၏တွေးခေါ်ထင်မြင် ယူဆ ချက်များအား  အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး(ပြန်/ဆက်)