ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Center) တွင် သတင်းရေးသား တည်းဖြတ်နည်းသင်တန်းဖွင့်လှစ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင်အတွင်းရှိ မြို့နယ်၊ မြို့ရုံးများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ သတင်းရေးသားရာတွင် လိုက်နာရမည့်အချက်များ၊ သတင်းကောင်းတစ်ပုဒ်တွင် ပါဝင်ရမည့်အချက်များ၊ သတင်းတည်းဖြတ်နည်းများကို  သိရှိနိုင်ရန်ရည်ရွယ်၍ သတင်းရေးသားတည်းဖြတ်နည်းသင်တန်း (၁/၂၀၂၂) ကို ဘားအံခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) တွင် ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

တနင်္သာရီမြို့နယ် အခြေခံပညာကျောင်းများရှိ အသက်(၉နှစ်မှ၁၂နှစ်)အတွင်း ကျောင်းသူများအား (HPV)သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ အသက် (၉နှစ်မှ၁၂နှစ်)အတွင်း ကျောင်းသူများအား (Human Papilloma Vitus)(HPV)သားအိမ်ခေါင်း ကင်ဆာနှင့်မျိုးပွါးလမ်းကြောင်း၌ ဖြစ်ပွားတတ်သောကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်မည့် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်မှစ၍ ညောင်ပင်ကွင်း ကျေးရွာအုပ်စုအတွင်းရှိ အခြေခံ ပညာကျောင်းများတွင် စတင်ထိုးနှံပေးကြောင်း သိရသည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့၌  ကိုဗစ်ရောဂါကာကွယ်ရေး mask campaign ပြုလုပ်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာ ကွယ်ရေးအတွက် မိဘပြည်သူများအား mask နှာခေါင်းစည်းတပ်ဆင်၍ သွားလာကြရေး အသိပေးနှိုးဆော်ခြင်းနှင့် mask နှာခေါင်းစည်းများကို

ကော့ကရိတ်တွင် တိရစ္ဆာန်များတွင် ဖြစ်ပွားတက်သည့် ကူးစက်ရောဂါများအကြောင်း အသိပညာပေး Talk Show ပြုလုပ်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် ယမန်နေ့မွန်းလွဲ ၃ နာရီချိန်က တိရစ္ဆာန်များတွင် ဖြစ်ပွားတက်သည့် ကူးစက်ရောဂါအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

စဉ့်ကူးမြို့နယ်အတွင်းရှိ ကျေးရွာ (၄) ရွာအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်းရှိ ရွှေပြည်ကျေးရွာ၊ ဆည်ကြီးကျေးရွာ၊ မာလဲကျေးရွာ၊ ဆည်သည်ကျေးရွာတို့ရှိ တောင်သူများအတွက် မိုးရာသီစိုက်ပျိုးစရိတ် ဘဏ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက် (၁၀) နာရီခွဲက ဆောင်ရွက်သည်။

မိုင်းရယ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် အမျိုးသမီးကျန်းမာရေးဆွေးနွေးပွဲနှင့် စာအုပ်ပြပွဲ ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် အမျိုးသမီးကျန်းမာရေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လည်(၁)နာရီက ကျင်းပပြုလုပ်သည်။

တန့်ယန်းမြို့နယ်တွင် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရန် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ  ယမန်နေ့ မွန်းလွဲ ၁ နာရီက အခြေခံပညာ အလယ်တန်းကျောင်း၌ ထပ်ဆောင်း(Booster Dose)ဆေးကို ထိုးနှံပေးသည်။

တနိုင်းမြို့နယ်၌ ပြည်သူများ နှာခေါင်းစည်း (Mask)တပ်ဆင်သွားလာရေး အသိပညာပေးပြီး Mask Campaign အရှိန်အဟုန်မြှင့် ဆောင်ရွက်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ခံရမှုမရှိစေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူများ နေအိမ်ပြင်ပ ထွက်ခွာသူများ နှာခေါင်းစည်း Mask တပ်ဆင်သွားလာသည့် အလေ့အကျင့်များ လိုက်နာကျင့်သုံးစေရန် Mask Campaign အရှိန်အဟုန်မြှင့် အသိပညာပေးခြင်းကို စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၈ နာရီက တနိုင်းမြို့ လူစည်ကားသည့် လီဒိုလမ်းမကြီးပေါ်ရှိ လမ်းဆုံ လမ်းမနေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဂွမြို့တွင်မြေပြင်အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းကောက်ခံ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် မြေပြင်အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းကောက်ခံခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် တာဝန်ရှိသူတို့ပူးပေါင်း၍ ယမန်နေ့၊ နံနက်ပိုင်းက  တင်းတောကျေးရွာအုပ်စုအတွင်းရှိ တင်းတောကျေးရွာတွင် တစ်အိမ်ဝင်/ထွက် စနစ်ဖြင့် ကွင်းဆင်းကောက်ခံလျက်ရှိသည်။

မအူပင်ရိုင် Community Centre ခန်းမ၌ ကလေးများ ကာယ၊ ဥာဏ ဖွံဖြိုးတိုးတက်စေရေး အားကစားပြိုင်ပွဲများပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေဦးစီးဌာန Community Centre ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ ကာယ ဥာဏ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ပြီး ကျန်းမာပျော်ရွှင်သော အစုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အသိဉာဏ်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားပြိုင်ပွဲများ ပြုလုပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Subscribe to