ပူတာအိုမြို့နယ် အောက်ဆန်ဂေါင်ကျေးရွာ၌ အသက်မွေး၀မ်းကျောင်း အထောက်အကူပြု ကာလတို လူသုံးကုန် ထုတ်လုပ်မှုသင်တန်းအခမဲ့ဖွင့်လှစ်

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မန်စေကျေးရွာအုပ်စု၊ အောက်ဆန်ဂေါင်ကျေးရွာတွင် ဒေသခံပြည်သူများ ကိုယ်ပိုင် တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်စေခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် အခမဲ့ဖွင့်လှစ်မည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ကာလတို လူသုံးကုန်ထုတ်လုပ်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၈)နာရီခွဲက ပူတာအိုမြို့နယ် အောက်ဆန်ဂေါင်ကျေးရွာ၌ ကျင်းပသည်။

ပေါက်ခေါင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ လုံခြုံရေးတရားဥပဒေစိုးမိုးရေး အေးချမ်းသာယာရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖွဲ့စည်း၍ ကျေးရွာများအရောက်ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့က ဗောဓိကုန်းကျေးရွာအုပ်စု၊ ဗောဓိကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတလူမှုကူညီရေးအသင်း ဆေးပဒေသာပင်အတွက်အလှူငွေကျပ် ငါးသိန်းလှူဒါန်း 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတလူမှုကူ ညီရေးအသင်း အာယုဒါန(အခမဲ့)  ဆေးပေးခန်းဆေးပဒေသာပင် အတွက် အလှူငွေများကို ယမန်နေ့ နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။              

သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက  ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ရေး (Mask Campaign) လှုပ်ရှားမှုနှင့် ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေးနည်းလမ်းများ လိုက်နာကြရန် အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းကို လူစည်ကားရာနေရာများဖြစ်သော သာစည်မြို့ မြန်မာ့စီးပွားရေးဘဏ်အနီး မိတ္ထီလာ-တောင်ကြီးကားလမ်းနှင့် မြို့မဈေးကြီးတို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်အတွင်း အေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူများ၏ လုံခြုံရေးအတွက် မြို့ဝင်၊ မြို့ထွက်ဂိတ်များ၌ စစ်ဆေးရေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်း အေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူများ၏ လုံခြုံရေးအတွက် မြို့ဝင်၊ မြို့ထွက် စစ်ဆေးရေးဂိတ်တွင် မြို့နယ်အတွင်း ဝင်ထွက်သွားလာနေသည့် မော်တော်ယာဥ်များ၊ ခရီးသွားပြည်သူများအား ယနေ့နံနက်ပိုင်းမှစ၍ ဌာနဆိုင်ရာများပါဝင်သော အဖွဲ့များက စစ်ဆေးဆောင်ရွက်လျက် ရှိသည်။

ဝါးခယ်မမြို့နယ်၌ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကြက်ခတ်ကုန်းကျေးရွာအုပ်စု၊ ကြက်ခတ်ကုန်းရွာမရှိ သဓ္ဓမ္မရံသီ ဘုန်းတော်ကြီးကျောင်းရှိ အေးငြိမ်းချမ်းသာ ဓမ္မဗိမာန် တန်ဆောင်း၌ ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက် ဦးဆောင်သော စစ်ကြောင်းကြီး(၅)ကြောင်းမှ ဒေသခံ ပြည်သူများ စုစုပေါင်းအင်အား (၂၄၅)ဦးခန့်နှင့် တွေ့ဆုံ၍ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သီပေါမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများနှင့်မြို့ပေါ်ရပ်ကွက်များသို့  စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက်

ချောင်းဆုံမြို့နယ် တော်ကနာကျေးရွာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး သက်ဆိုင်ရာဌာနတာဝန်ရှိသူများ ကျေးရွာပြည်သူ၏ လိုအပ်ချက်ဖြည့်ဆည်းရေး ကွင်းဆင်း ဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာပြည်သူများ၏ ကျေးရွာကဏ္ဍ ပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့ ကတော်ကနာကျေးရွာတွင် ပြည်သူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်၌ မိုးစပါး (RS-Cs) စီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ်လုပ်ငန်း သတ်မှတ်လျားထား စိုက်ဧကများ  စိုက်ပျိုးပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်၌ မိုးစပါး (RS-Cs) စီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ်လုပ်ငန်း သတ်မှတ်လျားထားစိုက်ဧက ၁၁၀၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပန်းတနော်မြို့၌ အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ ပြည်သူများသို့ အခြေခံစားသောက်ကုန်ပစ္စည်း များကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီ က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိသည်။
Subscribe to