ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ခြင်းနှင့် maskနှာ ခေါင်းစည်းအခမဲ့ဖြန့်ဝေပေး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက်  အိမ်ပြင်ထွက် သွားလာကြသည့် ပြည်သူ့များအား  mask နှာခေါင်းစည်းတပ်ဆင် ၍သွားလာကြရေးအသိပေးနှိုးဆော်ခြင်းနှင့် mask နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးလျက်ရှိရာ ယနေ့ နံနက် ၈ နာရီခွဲချိန်က  အမှတ် ၃ရပ်ကွက် အောင်မင်္ဂလာလမ်းဆုံလမ်းထောင့်တို့တွင် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံမည်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကျေးလက်ကျန်းမာရေးဌာနတွင် အသက်၂ နှစ်အောက် ကလေးငယ်များနှင့်  ကိုယ်ဝန်ဆောင်မိခင်များတို့အား ကျန်းမာသန်စွမ်းပြီး ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ဆေးတိုက် ကျွေးခြင်းလုပ်ငန်းများကို စက်တင်ဘာလ ၂၈ ရက်‌နေ့တွင် စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ငလျင်သဏ္ဍာန် တူဇတ်တိုက်လေ့ကျင့်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေး လက်တွေ့သရုပ်ပြသ

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောခြင်း ငလျင်သဏ္ဍာန်တူ ဇတ်တိုက်လေ့ကျင့်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေး လက်တွေ့ သရုပ်ပြသခြင်းများကို နယ်စပ်ဒေသတိုင်းရင်းသား လူငယ်ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်းတွင် စက်တင်ဘာလ ၂၅ ရက်နေ့က ဆောင်ရွက်ခဲ့သည်။

မုဒုံမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသခြင်းကို ယမန်နေ့က တောင်ပကျေးရွာရှိ  အခြေခံ​ပညာမူလတန်းလွန်ကျောင်းများ၌ ဆောင်ရွက်သည်။

အခြေခံစား‌ကုန်၊ အသားနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ မြို့အဝင်လမ်းဆုံနေရာတွင် ယနေ့နံနက်က ဘုတ်ပြင်းတပ်နယ်မှ အခြေခံစားကုန်၊ အသားနှင့်ဟင်းသီးဟင်ရွက်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆)လတာအတွင်း လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း သည့် အစည်းအဝေး လမ်းညွှန်မှာကြားချက်များနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းဆွေးနွေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ဇူလိုင် ၃၁ ရက်နေ့အထိ (၆)လတာကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ အစည်းအဝေးလမ်းညွှန် မှာကြားချက်များအား ရှင်းလင်းခြင်းနှင့် လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

သရက်မြို့ လူမှုဝန်ထမ်းဦးစီးဌာန၌ အသုံးပြုနိုင်ရန် နှာခေါင်းစည်း (Mask)၊ Hand Sanitizer Gel လှူဒါန်းခြင်းနှင့် Mask Campaign လှုပ်ရှားမှုဆောင်ရွက်

မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန (မူလတန်းကြိုကျောင်း) တွင် အသုံးပြုနိုင်ရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများက နှာခေါင်းစည်း(Mask)၊ Hand Sanitizer Gel လှူဒါန်းခြင်းနှင့် Mask Campaign လှုပ်ရှားမှုဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လည် ၁၂ နာရီက လူမှုဝန်ထမ်းဦးစီးဌာန၏ မူလတန်းကြိုကျောင်း၌ ပြုလုပ်ခဲ့သည်။

ရှမ်းရွာသစ်မြို့တွင်ကိုဗစ်-၁၉  အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေးနှိုးဆော်မှုများဆောင်ရွက်

ကရင်ပြည်နယ်၊   ဘားအံခရိုင်၊   ရှမ်းရွာသစ်မြို့  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၈ နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်များ၌ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်း  အိုမီခရွန် မျိုးကွဲ B.4 , B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။

မိုင်းခုတ်မြို့၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် လူမှုရေး ပင်စင်ထောက်ပံ့ငွေများ ပေးအပ်

နိုင်ငံတော်မှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်အဖြစ် ထောက်ပံ့ငွေများပေးအပ်လျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်ရှိ  မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင်

ဖျာပုံမြို့၌ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းရာသီနေကြာသီးနှံစိုက်ပျိုးထုတ်လုပ်ခြင်း ဝန်းထမ်းနည်းပညာပေး သင်တန်းဖွင့်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်အတွင်းရှိ မြို့နယ်များနှင့် မော်လမြိုင်ကျွန်းမြို့နယ်ရှိ စိုက်ပျိုးရေးဝန်ထမ်းများကို တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်ကျော်လှိုင် ဦးဆောင်သော နည်းပညာပေးအဖွဲ့မှ ခရိုင်အတွင်း ဆီဖူလုံမှုရရှိစေရန်၊ နေကြာသီးနှံနှင့် ပတ်သက်၍ စိုက်ပျိုးထုတ်လုပ်မှုနှင့် အပင်ပြုစုစောင့်ရှောက်နည်းစနစ်များအား ဝန်ထမ်းများသိရှိစေရန်နှင့် ဝန်ထမ်းများမှ တစ်ဆင့် တောင်သူများအား ထပ်ဆင့်နည်းပညာပေး ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းရာသီနေကြာသီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်း ဝန်ထမ်းနည်းပညာပေး သင်တန်းဖွင့်ပွဲကို စက်တင် ဘာလ (၂၆)ရက်နေ့ နံနက်(၉)နာရီအချိန်က ဖျာပုံခရိုင် စိုက်ပျိုးရေးဦးစီး ဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to