ညောင်ဦး စက်တင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ခြင်ဆေးဖျန်းခြင်းများအား ညောင်ဦးမြို့ အမှတ်-၅ အရန်မီး သတ်တပ်ဖွဲ့က ယနေ့နံနက် ၉ နာရီခွဲအချိန်က သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး ခြင်ဆေးဖျန်းခြင်းလုပ်ငန်း များဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ညောင်ဦးမြို့နယ် ကမ္ဘားနီကျေးရွာအတွင်း သွေးလွန်တုပ်ကွေးရောဂါကူးစက်ဖျား နာမှုများရှိနေသဖြင့် ခြင်နှိမ်နင်းရေးလုပ်ငန်းများ ဆောင် ရွက်နိုင်ရန်အတွက် ခြင်ဆေးဖျန်း ခြင်းလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ပါရန် ဆက်သွယ်အကူအညီ တောင်းခံလာမှုအရ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနနှင့် အမှတ်-၅ အရန်မီးသတ်တို့ပူးပေါင်း၍ အမှတ်-၅ အရန်မီးသတ်တပ်ဖွဲ့ပိုင် ခြင်ဆေးဖျန်းစက်(၂)လုံးဖြင့် ကျေးရွာနေလူနေအိမ်များ၊ လမ်းများအားလုံးတို့အား တစ်အိမ်ဝင်တစ်အိမ်ထွက် တစ်လမ်းဝင်တစ်လမ်းထွက်ဖြင့် ရပ်ကွက်အတွင်းရှိ နေ အိမ်များအားလုံးနှင့် လမ်းများအားလုံး၊ ခြင်ခိုအောင်းနိုင်သည့် မြောင်းများရေစီးရေလာကောင်းမွန်စေရေး၊ ပေါင်းမြက်ထူ ပြောသည့်နေရာများနေရာများအား ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ပိုက်စိပ်တိုက်စနစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်းသိရပြီး ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ အကူအညီ တောင်းခံလိုပါက ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အမှတ်-၅ အရန်မီးသတ်တပ်ဖွဲ့သို့ အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။
ကိုကြေးမုံ