ကမမောင်း စက်တင်ဘာ ၂၇
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက ယနေ့နံနက် ၉နာရီအချိန်က ကမမောင်းမြို့ အမှတ် ၂ ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာ ပေး နှိုးဆော်မှုများဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ရာတွင်ပြည်သူများအနေဖြင့် တစ်ဦးနှင့်တစ် ဦးခပ်ခွာခွာနေကြရန်၊ ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ကြရန်၊ ချောင်းဆိုးနှာချေလျှင် တံတောင်ဆစ်ကွေးနှင့်အုပ်၍ ဆိုးကြရန်၊မိမိတို့၏ နေအိမ်ပြတင်းပေါက်များကို ဖွင့်ထားကြရန်၊ လက်ကိုစက္ကန့်(၂၀) ကြာဆေးကြောရန်၊ တက်နိုင်သမျှအိမ်မှာနေထိုင်ကြရန်၊ လူစုလူဝေးရှောင်ရှားကြရန်၊ မိမိကိုယ်မိမိ သံသယလက္ခဏာခံစားရလျှင် နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ကြရန်၊ ကိုဗစ်-၁၉ရောဂါကူးစက်မှုကွင်းဆက်ဖြတ်တောက်နိုင်စေရေးအတွက် ကာကွယ်ဆေးထိုးနှံမှုများကို အကြိမ်ပြည့်မပျက်မကွက် ခံယူကြရန်စသည့် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
တင်တင်လှ(ကမမောင်းပြန်/ဆက်)