မေထုန်မဲ့နည်းဖြင့် မျိုးမြှင့်တင်သားစပ်ခြင်းကြောင့် မျိုးမြှင့်နွားသိုးမျိုးရိုးဗီဇကို နွားကောင်ရေ အများအပြားတွင် ရရှိစေနိုင်​မည်ဖြစ်ပြီး နွားသိုးတစ်ကောင်မှတစ်ကြိမ်ရရှိသည့်မျိုးရည်ဖြင့် နွားမကောင်ရေ ၂၀၀ အထိ သားစပ်နိုင်

မေထုန်မဲ့နည်းဖြင့် မျိုးမြှင့်တင်သားစပ်ခြင်းကြောင့်မျိုးမြှင့်နွားသိုးမျိုးရိုးဗီဇကို နွားကောင်ရေ အများအပြားတွင် ရရှိစေနိုင်​မည်ဖြစ်ပြီး နွားသိုးတစ်ကောင်မှတစ်ကြိမ်ရရှိသည့်မျိုးရည်ဖြင့် နွားမကောင်ရေ ၂၀၀ အထိ သားစပ်နိုင်ကြောင်း ယနေ့နံနက်ပိုင်းက နေပြည်တော်၊ ဒက္ခိဏခရိုင်  မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊

စလင်းမြို့နယ်တွင် ပညာရေးဌာနမှကြီးမှူးကျင်းပမည့် ကျောင်းကြက်ခြေနီ ရှေးဦးပြုစုခြင်း သင်တန်းဖွင့်လှစ်နိုင်ရေး မြို့နယ်ကြက်ခြေနီအသင်း ညှိနှိုင်းအစည်းအဝေးပြုလုပ်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမဆောင်တွင် စလင်းမြို့နယ် ကြက်ခြေနီအသင်းကြက်ခြေနီတပ်ဖွဲ့ဝင်များမှ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် ရှေးဦးပြုစုခြင်း သင်တန်းဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်းကို စက်တင်ဘာ ၂၅ ‌နေ့မွန်းလွဲ ၁ နာရီ ၃၀ အချိန်က စုပေါင်းညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဓနုဖြူမြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ငှားရမ်းပေးခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များက ဌာနဆိုင်ရာရုံးများသို့ ရွေ့လျား စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေး စာအုပ်များ ငှားရမ်းပေးခြင်းကို ယမန်နေ့ နံနက် (၁၁)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဝါးခယ်မမြို့နယ်၊ ကျုံးမငေးမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ခြင်းကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ ကျေးရွာအဆင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် ကျေးရွာအုပ်စုအဆင့်နှစ်ယောက်တွဲ အလွတ်တန်း ပိုက်ကျော် ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို နမ့်မော်ဆွမ့်ကျေးရွာအုပ်စု နမ့်မော်ဆွမ့်ကျေးရွာ ပိုက်ကျော်ခြင်းကွင်းနေရာ၌

ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး မြို့နယ်အဆင့်ကော်မတီများအဖွဲ့ဝင်များ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာကျောင်းများသို့ သွားရောက်ပြီး  Mask Campaign ဆောင်ရွက်ခဲ့သည်။

ရွှေဘိုမြို့၌ ကျား၊ မ​ရေးရာ (GENDER)နှင့် ကျား၊ မ​ရေးရာ အ​ခြေပြုအကြမ်းဖက်မှု GENDER - BASE VIOLENCE ဆိုင်ရာ အသိပညာ​ပေး​ဆွေး​နွေးပွဲကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ​ရွှေဘိုခရိုင် အ​ထွေ​ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမတွင် ယ​မန်နေ့ နံနက် ၁၀ နာရီချိန်က Gender၊ CEDAW NSPAW နှင့် UNSCR 1325 အသိပညာ​ပေး​ဆွေး​နွေးပွဲကျင်းပရာ ​ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက အဖွင့်အမှာစကား​ပြေကြားခဲ့​ကြောင်း သိရသည်။

ပူတာအိုခရိုင် Community Centre ခန်းမ၌ ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် စာပေဖတ်ရှုသည့် ရာခိုင်နှုန်းတိုးတက်လာစေရန်၊ စာဖတ်စွမ်းရည် မြင့်မားလာစေရန်နှင့် ပြောရဲဆိုရဲသည့် သတ္တိရှိ လာစေရန် ရည်ရွယ်၍ ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။

မြန်အောင်ရေနံမြေ လူမှုတာဝန်သိမှု(CSR)အစီအစဉ်ဖြင့် ဆောင်ရွက်သော KV.100 ထရန်စဖော်မာ ဖွင့်လှစ်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်ရေနံမြေ လူမှုတာဝန်သိမှု (CSR)အစီအစဉ်ဖြင့် ဆောင်ရွက်သော KV.100 ထရန်စဖော်မာ ဖွင့်လှစ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်က မြန်အောင်မြို့နယ် ရှားတော ကျေးရွာအုပ်စု၊ ရှားတော ကျေးရွာအမှတ်(၁) ရေနံမြေလမ်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပုဇွန်တောင်မြို့နယ် အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့တွင် သန့်ရှင်းသာယာသပ်ရပ်ရေး နှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် မြို့နယ်သန့်ရှင်းသာယာ သပ်ရပ်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ စီမံ ကြီးကြပ်မှုဖြင့် ပတ်သန့်လုပ်သား၊ ရေစီးရေလာလုပ်သားများဖြင့် အမှတ်(၇)ရပ်ကွက်၊ ရွှေဘုန်းပွင့် စေတီတော်ဝန်းကျင်ရှိလမ်းများ၊ ပုဇွန်တောင်ပန်းခြံဝန်းကျင်ရှိ လမ်းများတွင် အမြင်မတင့်တယ်သော အမှိုက်များသိမ်းဆည်းရှင်းလင်းခြင်း၊ အမှတ်(၁)ရပ်ကွက်၊ ၅၂ လမ်းတွင် ရေနုတ်မြောင်းအတွင်းရှိ အမှိုက်များကို စုပေါင်း၍ စနစ်တကျသန့်ရှင်းခြင်းနှင့် အနော်ရထာလမ်း၊ ဗိုလ်တထောင်ဘုရားလမ်းနှင့် ရွှေဘုန်းပွင့်စေတီတော်ဝန်းကျင်ရှိ လမ်းများတို့တွင် စည်းကမ်းမဲ့ စွန့်ပစ်စုပုံထားသော ဆက်သွယ်ရေး ကြိုးများအား ရှင်းလင်းသိမ်းဆည်း ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
Subscribe to