မင်္ဂလာဒုံမြို့နယ်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများစုပေါင်း၍ မြို့သန့်ရှင်းသပ်ရပ်သာယာလှပစေရေး ရည်ရွယ်ချက်ဖြင့် နေ့စဉ်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

မင်္ဂလာဒုံ စက်တင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ယနေ့နံနက် ()နာရီအချိန် က မြို့နယ်စည်ပင်သာယာရေးကော်မတီဝန်ထမ်းများ စုပေါင်း၍ မြို့သန့်ရှင်းသပ်ရပ်သာယာလှပစေရေးအတွက် ပြည်လမ်းတွင်အမှိုက်၊ သဲ၊ ဂဲများအားစုဖွဲ့ ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ နိုင်ငံရေးမှတ်တိုင်အနီးတံတား Guard Rail နှင့် ကတ်တုံးများအား သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ မှော်ဘီလမ်းတွင် မညီညာဖြစ်နေသည့် ချိုင့်ခွက်များအား ကတ္တရာဖြင့် လမ်းပေါက်ဖာခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် /ခရပ်ကွက် ()လမ်းတွင် ရေမြောင်းရှင်းလင်းဆောင်ရွက်ခြင်း၊ ခရေပင်လမ်း တလျောက်ရှိချုံ၊ နွယ်၊ မြက်နှင့် အရိပ်ရအပင်များအား အောက်သားတက်ရှင်းလင်း ဆောင်ရွက်ခြင်းလုပ်ငန်းများကို စုစုပေါင်းဝန်ထမ်းအင်အား (၅၃)ဦးတို့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြတ်မွန်ခင် (မင်္ဂလာဒုံ)