စမ်းချောင်းမြို့နယ်တွင် ကိုဗစ်၁၉- ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူ ပြည်သူများအား မုန့်လုပ်ဆောင်းကုန်း/ တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက(၁)ကျောင်း စွယ်တော်ဆောင်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး Center တွင် ယမန်နေ့နံနက်(၉)နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံသူ (၄၀)ဦးနှင့် Booster Dose ထိုးနှံသူ (၇၈)ဦး စုစုပေါင်း ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံသူ (၁၁၈)ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဟွေပိုပီးချောင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ပြီး နေအိမ်လေးလုံး ရေနစ်မြှပ်မှုဖြစ်ပွား

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်၌ ယမန်နေ့ညနေ ၃ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဟွေပိုပီးချောင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ပြီး နေအိမ်လေးလုံး ရေနစ်မြှပ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊စာစောင်များငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို  ရပ်ကွက်‌/ကျေးရွာများနှင့် စာသင် ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင်  မြို့နယ်ရုံးဝန်ထမ်းများက

စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေးအတွက် သက်တမ်းလွန်ဆေးများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ ဗိုလ်ချုပ်လမ်းပေါ်ရှိ ဆေးဆိုင်များ၌ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေးအတွက် ဆေးဆိုင်များတွင်ရောင်းချသည့်ပစ္စည်းများအား စားသုံးသူရေးရာဦးစီးဌာန ဂန့်ဂေါမြို့နယ်တာဝန်ခံ ဒေါ်ဇာဇာချိုဦး ဦးဆောင်၍ ယမန်နေ့နံနက် ၉ နာရီ က သက်တမ်းလွန်ဆေးများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးကြသည်။

လိပ်သိုဒေသတွင် ရာသီပေါ်ချဉ်ပေါင်ဖာလာသီးနှံများ ဆွတ်ခူးထုတ်လုပ်နေပြီး တောင်သူများ စျေးကောင်းရရှိရန်မျှော်လင့်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊လိပ်သိုဒေသရှိ တောင်သူများမှာ ဥယျာဉ်ခြံ လုပ်ငန်းများကို အဓိကထားလုပ်ကိုင်အသက်မွေးဝမ်းကျောင်းကြပြီး နှစ်ရှည်သီးနှံပင် မျိုးစုံအားစိုက်ပျိုးကြသည့်အနက် ဒေသအခေါ် ဖာလာသီးနှံ (ချဉ်ပေါင်) ဖာလာကို အဓိကထား စိုက်ပျိုးကြကြောင်း သိရသည်။

လပွတ္တာမြို့နယ်တွင် ချောင်းများအတွင်းသို့ ရွှံ့ကဏန်းများ စုပေါင်းမျိုးစိုက်ထည့်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် လပွတ္တာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနနှင့် လပွတ္တာမြို့နယ်အတွင်းရှိ ကဏန်းပျော့မွေးမြူရေး လုပ်ငန်းရှင်များ၊ ကဏန်းအဝယ်ဒိုင်များ ပူးပေါင်း၍ လပွတ္တာမြို့နယ်တွင် ရွှံ့ကဏန်းများ ရေရှည်စဉ်ဆက်မပြတ် ဖမ်းဆီးထုတ်လုပ်နိုင်စေရန် ရည်ရွယ်၍ ကျွန်းကွင်းချောင်းအတွင်းသို့ ရွှံ့ကဏန်းများ စုပေါင်းမျိုးစိုက်ထည့်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် အမတ်ကျေးရွာအုပ်စု၊ ကျွန်းကွင်းချောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၁၅၇ ဦး  မြဝတီ အမှတ်(၂)ချစ်ကြည်ရေး တံတားမှတစ်ဆင့် ဆက်လက်ဝင်ရောက်

ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန် မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့်  ပြန်လည်ကြိုဆို လက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက်ပေးလျက်ရှိရာ  စက်တင်ဘာ၂၆ ရက်နေ့တွင် ၁၅၇ ဦးဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊  ဇမ္ဗူသီရိမြို့နယ်အတွင်း  ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာအချက်များကို ယနေ့နံနက်ပိုင်းက ရပ်ကွက်နှင့် ကျေးရွာများသို့သွားရောက်၍ ဇမ္ဗူသီရိမြို့နယ်

အမာမြို့၌ အခြေခံအိမ်ထောင်စုများအတွက် စားအုန်းဆီများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ မြို့အုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုဖြင့် ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက် စားအုန်းဆီများကို ဈေးနှုန်းချိုသာစွာဖြင့် ယနေ့နံနက် (၇)နာရီခွဲအချိန်က ရောင်းချပေးခဲ့ကြောင်း သိရသည်။

အမျိုးသားအဆင့် ရော်ဘာအစေးခြစ်လုပ်သားကျွမ်းကျင်မှု အဆင့်(၁)စစ်ဆေးအကဲ ဖြတ်ခြင်း သင်တန်းဆင်းပွဲကျင်းပ

စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံလုပ်သားကျွမ်းကျင်မှုစံပြဋ္ဌာန်းရေးအဖွဲ့ (NSSA) တို့  ပူးပေါင်းဖွင့်လှစ်ခဲ့သည့်  အမျိုးသားအဆင့်  ရော်ဘာအစေးခြစ်  လုပ်သားကျွမ်းကျင်မှုအဆင့် (၁) သင်တန်းပေးခြင်းနှင့် စစ်ဆေးအကဲဖြတ်ခြင်း အမှတ်စဉ်(၉) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့က မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ နှစ်ရှည်ပင်များ သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံခန်းမ၌ ကျင်းပသည်။
Subscribe to