မြောက်ဥက္ကလာပမြို့နယ်တွင် Booster(Sinovac)၊ Sinopharn၊ Covaxin၊ Sinovac ကာကွယ်ဆေးများထိုးနှံသူ ကျန်ရှိမှုမရှိစေရေး  အရှိန်အဟုန်မြှင့် ဆောင်ရွက်

မြောက်ဥက္ကလာပ စက်တင်ဘာ ၂၇

မြောက်ဥက္ကလာပမြို့နယ်တွင် ယမန်နေ့(၀၉:၀၀)နာရီက မယ်လမုသာသနာ့ဗိမာန်တော်၊ ရွှေပေါက်ကံဒေသန္တရ၊ ဓမ္မဝိသုဒ္ဓိဓမ္မာရုံတွင် Sinopharm/Sinovac ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး(၆)လပြည့်ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster(Sinovac)အား ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သို့ဖြစ်ရာ Covidshield ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီးသူများအား (Sinopharn) ကာကွယ်ဆေးကို ရာနှုန်းပြည့်ထိုးနှံပေးလျက်ရှိရာ ပထမအကြိမ် ၁၈ နှစ်အထက်များအား (Covaxin)၊ အသက် ၁၅ နှစ်မှ အသက် ၁၈ နှစ် ကျောင်းပြင်ပ ကလေးများအား(Sinovac)၊ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာသို့ လာရောက်ကြသူများအား အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးမှူး၊ ရပ်မိရပ်ဖများ၊ ပရဟိတအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ လက်ဆေးခြင်း၊ ခြောက်ပေအကွာမှာစောင့်ဆိုင်းစေခြင်း၊ ကိုဗစ်ဆေးထိုးနှံပြီးပါက စောင့်ကြည့်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သိင်္ဂီပြည့်ဖြိုး(ပြန်/ဆက်)