ထားဝယ်ရိုးရာသပိတ်မျှောပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၏ ရိုးရာအစဉ်အလာမပျက်နှစ်စဉ်နှစ်တိုင်းကျင်းပလျက်ရှိသော ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်ကို ဝါလကင်းလွတ်သီတင်းကျွတ်လပြည့်နေ့တွင် တလိုင်းမရပ်၊ ဆိပ်ကမ်းသာလမ်း၊ ပြည်သူ့အပန်းဖြေရင်ပြင်၊ ထားဝယ်မြစ်ကမ်း၌ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။