ပုဂံမူလတန်းကြိုကျောင်းတွင် ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် မူကြိုဝတ်စုံပေးအပ်ခြင်းအခမ်းအနားကျင်းပ

ပုဂံ  စက်တင်ဘာ  ၂၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံမြို့ ပုဂံမူလတန်းကြိုကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဉာဏစွမ်းရည်ပြိုင်ပွဲနှင့်မူကြိုဝတ်စုံပေးအပ်ပွဲ ပုဂံမူလတန်းကြိုကျောင်းခန်းမတွင် အခမ်းအနားကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ညောင်ဦးခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မိုးမိုးစန်း(ဒုတိယညွှန်ကြားရေးမှူး)က ပြိုင်ပွဲတွင်ယှဉ်ပြိုင်မည့် စည်းကမ်းချက်များအား ပြောကြားပြီး အကြီးအဆင့်၊ အလတ်အဆင့်၊ အငယ်အဆင့် ကဗျာ၊ သီချင်း၊ ပုံပြင်ပြောပြိုင်ပွဲများကျင်းပခဲ့ကြောင်းသိရသည်။ ပြိုင်ပွဲများယှဉ်ပြိုင်ကြပြီးနောက် ခရိုင်ဦးစီးမှူး ဒေါ်မိုးမိုးစန်းနှင့်တာ ဝန်ရှိသူများမှ သားငယ်/သမီးငယ်လေးများအား တစ်ဦးလျှင် မူကြိုဝတ်စုံ (၂)စုံစီဖြင့် ကလေး(၈၅)ဦးအတွက် မူကြိုဝတ်စုံ (၁၇၀)စုံအားပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုကြေးမုံ