မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ရာထူးတံဆိပ်တပ်ဆင်ခြင်း အခမ်းအနားကျင်းပ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ရာထူးတံဆိပ်တပ်ဆင်ခြင်းအခမ်းအနားကို ယနေ့နံနက်က အဆိုပါသင်တန်းကျောင်းရှိ အစည်းအဝေးခန်းမ (၁)တွင် ကျင်းပခဲ့ကြောင်းသိရသည်။

ဖားဆောင်းမြို့နယ် နန်းဟူးကုန်းကျေးရွာ၌ အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရေး အသိပညာပေးနှိုးဆော်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် သတိပြုနိုင်ကြစေရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့်စေတနာ့ဝန်ထမ်းများက ယနေ့နံနက်(၁၀)နာရီက နန်းဟူးကုန်းကျေးရွာ၌ အသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

လိပ်သိုမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ်ထိုးနှံပြီးသူများအား ထပ်ဆောင်း (Booster Dose)  စတုတ္ထအကြိမ်ထိုးနှံပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ်ထိုးနှံပြီးသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ထပ်ဆောင်း (Booster Dose) စတုတ္ထအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က အမှတ် (၄) ရပ်ကွက် တိုက်နယ်ကျန်းမာရေးဦးစီးဌာနဆေးခန်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် (၁၆) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေး ဟောပြောပွဲကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက (၁၆) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်သာမြို့ မြို့မစည်ပင်သာယာဈေး၌   Mask Campaign ပြုလုပ်

တောင်သာမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဉက္ကဋ္ဌ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဉက္ကဋ္ဌ ဦးဟန်သူရ၏ ဦးဆောင်မှုဖြင့်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသည့် အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ခြင်းနှင့် ကိုဗစ်-၁၉စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင် သည့် အလေ့အထကောင်းများ ရရှိစေရန်အတွက် ယနေ့နံနက်(၈)နာရီ အချိန်က မြို့မစည်ပင်သာယာ ဈေးအနီးပတ်ဝန်းကျင်နှင့် တောင်သာ-မြင်းခြံမော် တော်ကားလမ်းဘေးဝဲ/ယာ၌ Mask Campaignပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂ခုနှစ် မိုးစပါး လျာထားချက်ပြည့်မီ၍ အောင်မြင်စွာ စိုက်ပျိုးဆောင်ရွက်မှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကွင်းဆင်းကြည့်ရှု

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂ခုနှစ် မိုးစပါးလျာထားချက် ပြည့်မီစွာအောင်မြင်စွာ စိုက်ပျိုးဆောင်ရွက်မှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍  ယမန်နေ့ နံနက်၁၀ နာရီက အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်း မိုးစပါးစိုက်ခင်းများ ကွင်းဆင်းကြည့်ရှုသည်။

ကျိုင်းတုံမြို့၌ စာပေဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့  စာပေဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။

ငါန်းဇွန်မြို့တွင် နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်သွားလာရေး Mask Campaign ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ယနေ့နံနက် ၈ နာရီက အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာသည့်အခါတိုင်း Mask စနစ်တကျ တပ်ဆင်ရေးသွားလာရေး Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လုပ်ကိုင်နေသော Volunteer များကို ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသော Volunteer များ အားကျန်းမာရေးသုံးပစ္စည်း များပေးအပ်ပွဲအခမ်းအနားကို ညောင်ဦးမြို့၊ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ အနော်ရထာ ခန်းမခန်းမ၌ ယနေ့နံနက် ၁၀နာရီအချိန် ကကျင်းပခဲ့ကြောင်းသိရသည်။
Subscribe to