နမ္မတူ စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီ အချိန်ခန့်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ သစ်တောသစ်ပင်နှင့် ဂေဟစနစ်အကြောင်း အသိပညာပေး (Talk Show ) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ (Talk Show) ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်စိုးစန္ဒာဝိုင်း(ဦးစီးအရာရှိ)က အသိပညာ ပေးလုပ်ငန်းများ ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား ကာ နမ္မတူမြို့နယ် သစ်တောဦးစီးဌာနမှ ဦးချမ်းမြေ့အောင် (ဦးစီးအရာရှိ) က သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဂေဟစနစ်အကြောင်းများ၊ ဂေဟစနစ် မညီ မျှမှု/ပျက်စီးမှု ကြောင့် ဖြစ်ပေါ်လာနိုင်သည့်ဆိုးကျိုးများ၊ သစ်တော၊ သစ်ပင် ပျက်စီးမှုများကြောင့် အိုဇုန်းလွှာထိခိုက်မည့် အခြေအနေများ၊ ကမ္ဘာကြီး ပူနွေးမှုကို ဖြစ်စေသော အကြောင်းတရား ထဲမှ လူသားများကြောင့် ဖြစ်ပေါ်လာသည့် အချက်များ၊ ကမ္ဘာကြီးပူနွေးလာမှု လျော့နည်း သက်သာ လာစေရန်အတွက် ဆောင်ရွက်သင့်သည့် အချက်များ၊ ပြည်သူတစ်ဦး အနေနဲ့ ကမ္ဘာကြီးပူနွေးမှုကို တားဆီးသောနေရာ၌ လိုက်နာဆောင်ရွက် သင့်သည့်အချက်များ၊ အိုဇုန်းလွှာပျက်စီးမှုကြောင့် အပူဒဏ်အပြင် သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သော အကြောင်းအရာများ စသည်တို့ကို အများပြည်သူ သိရှိလိုက်နာနိုင်ရန်အတွက် အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
(ချစ်ချစ်ပိုင်၊ ပြန်/ဆက်)