လောက်ကိုင် စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ ဒေသရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လည်(၁)နာရီခွဲအချိန်က အမျိုးသမီးကဏ္ဍ ဆောင်ရွက်ချက် များကို သက်ဆိုင်ရာဌာနများသိရှိစေရန် ရည်ရွယ်၍ Gender, CEDAW, NSPAW နှင့် UNSCR ၁၃၂၅ အသိပညာ ပေးဆွေးနွေးပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
ထိုဆွေးနွေးပွဲအခမ်းအနားတွင် ဒေသအဆင့်အမျိုးသမီးကော်မတီ ဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် အမျိုးသမီးကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်တင်တင်ချိုက Gender, CEDAW, NSPAW နှင့် UNSCR ၁၃၂၅ တို့၏ အကျယ်ကို ပရိုဂျက်တာနှင့် အကျယ်တဝင့်ရှင်းလင်း၍ အသိပညာ ပေးဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာ ကြသော ဌာနဆိုင်ရာအကြီးအကဲများမှ အကြံပြုဆွေးနွေးတင်ပြကြပြီး ဒေသအဆင့်အမျိုးသမီး ကော်မတီ ဥက္ကဋ္ဌမှ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲအခမ်းအနားသို့ ဒေသဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
လောက်ကိုင်(ပြန်/ဆက်)