ပြည်ကြီးတံခွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် Mask Campaign ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြရွှေပြည် အဝေးပြေးယာဉ်ရပ်နားစခန်း ကားကြီးကွင်းတွင် ယနေ့နံနက် (၇) နာရီခွဲမှစတင်၍ နံနက် (၁၁) အချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့်ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် ပြည်သူများနှာခေါင်းစည်း (Mask) များ တပ်ဆင်ရေးအတွက် Mask Campaign ပြုလုပ်ခဲ့ကြသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စာဖတ်စာငှား ကျောင်းသား၊ ကျောင်းသူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေး

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်‌လေးများအား ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အခြားသောထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေ

စဉ့်ကူးမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ ကျေးရွာ (၄) ရွာသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ ကျေးရွာ (၄) ရွာသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁ဝ) နာရီက စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။

ကမ္ဘာ့ခွေးရှုးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် ၁၆ ကြိမ်မြောက် ကမ္ဘာ့ခွေးရှုးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အခမ်းအနားအား ကျင်းပပြုလုပ်ရာ ခရိုင်ဦးစီးမှုး ဒေါက်တာ အောင်ဆန်းဝင်းမှ အဖွင့်အမှာစကား ပြောကြား ပေးခဲ့သည်။

ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်မှ ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့သည် ယမန်နေ့နေ့လယ်ပိုင်းက ရွှေတောင်မြို့နယ်နွားမယံအုပ်စု ကွင်းအမှတ်(၄၀၈)ရွာဟောင်းကွင်းအတွင်းရှိ တောင်သူဦးသန်းအောင်၏လယ်မြေ(၁)ဧကတွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါး(ရတနာတိုး) စံကွက်ရိတ်သိမ်းကွင်းသရုပ်ပြပွဲနှင့်

မိုင်းရှူးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်း ရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ စနစ်တကျရှိစေရေးအတွက် ယမန်နေ့ နံနက် (၁၀)နာရီက အမှတ်(၄)ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာအသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး နည်းပညာသင်တန်းဖွင့်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ လင်းလွန်းပင်ကျေးရွာရှိ စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြုလေ့လာမှုစခန်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ယမန်နေ့က စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနည်းပညာသင်တန်းကို ဖွင့်လှစ်ခဲ့သည်။

မိုးနဲမြို့နယ်၌ သစ်တောဦးစီးဌာနမှ ပျိုးပင်များအခမဲ့ဖြန့်ဝေပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊  မိုးနဲမြို့နယ်၌     သစ်တောဦးစီးဌာနမှ     အဖွဲ့အစည်း၊ ဌာန၊ တပ်ရင်း၊ တပ်ဖွဲ့၊ တက္ကသိုလ်၊ ရပ်ကွက်၊ ကျေးရွာ၊ ကျောင်းများသို့  သစ်ပင်ပျိုးပင်များကို အခမဲ့ဖြန့်ဝေပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင်လည်း ဆက်လက်ဖြန့်ဝေပေး‌ခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွှဲနှင့်  ဆောင်းသီးနှံဆီထွက်နေကြာမျိုးစေ့၊ ယူရီးယားဓာတ်မြေဩဇာ  ပေးအပ်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ နွားမယံကျေးရွာအုပ်စု ၊ဘယ်လက်ကျေးရွာတွင် ယမန်နေ့နေ့လယ်ပိုင်းက ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲနှင့်   ဆောင်းသီးနှံဆီထွက်နေကြာမျိုးစေ့၊ ယူရီးယားဓာတ်မြေဩဇာ ဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနားကို ကျင်းပခဲ့သည်။

ပင်လောင်းမြို့နယ်တွင် ဒေသထွက်လက်ဖက်ကို အခြေခံပြီး စာသောက်ကုန်နှင့် လူသုံး ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဒေသထွက်လက်ဖက်အား အခြေခံပြီး စားသောက်ကုန်နှင့်လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ ပင်လောင်း ကြီးကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံတွင်    ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
Subscribe to