ဖျာပုံမြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ထိန်းသိမ်းရေး ကော်မတီမှ ဦးဆောင်၍ မြို့နယ်အတွင်း သွားလာနေကြသော ဆိုင်ကယ် မောင်းနှင်ကြသည့် ပြည်သူများအား ဆိုင်ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုပ်အား မေးသိုင်းကြိုး သေချာစွာ တပ်ဆင်မောင်းနှင်ကြခြင်းဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ အသိပညာပေး ဆောင်ရွက်ခြင်းကို ဖျာပုံမြို့အထွက် ဖျာပုံ-အမာကားလမ်းမကြီးဘေးတွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းရယ်မြို့ လူထုအခြေပြုဗဟိုဌာနတွင်  လူကုန်ကူးမှုအန္တရာယ်သိကောင်းစရာ Talk show ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှုအန္တရာယ်သိကောင်းစရာ Talk show ကို ယနေ့ နေ့လည်(၁)နာရီက ပြုလုပ်ပါသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီမှ လုပ်ငန်းလိုင်စင် လျှောက်ထားနိုင်ရန် ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်း ကာရာအိုကေဆိုင် ဖွင့်လှစ်နိုင်ရန် လုပ်ငန်းလိုင်စင်လျှောက်ထားသော ဆိုင်(၇)ဆိုင်အား ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အဆင့် ဗီဒီယိုလုပ်ငန်းစီစစ်ကြီးကြပ်ရေးကော်မတီဝင်များမှ ကွင်းဆင်း စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်သည်။

မိုင်းဖြတ်မြို့နယ်တွင်  ခွေးရူးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော၍ ခွေးရူးရောဂါကာကွယ် ဆေးထိုးနှံပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာထွန်းဇော်ဝင်းနှင့် ဝန်ထမ်းများက ခွေးရူးရောဂါကာကွယ်နိုင်ရေး အသိပညာပေး ရှင်းလင်းဆွေးနွေး၍

ပန်လုံမြို့၊ မုန်းကွန်ကျေးရွာအုပ်စု၌ နေကြာမျိုးစေ့ထောက်ပံ့ခြင်းနှင့်နေကြာစံပြကွက်စိုက်ပျိုးခြင်းဆောင်ရွက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့၊ မုန်းကွန်ကျေးရွာအုပ်စုတွင် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား နေကြာမျိုးစေ့ထောက်ပံ့ခြင်းကို ၂၇ ရက်နေ့ နံနက် ၉ နာရီအချိန်က မုန်းကွန်ကျေးရွာ စုပေါင်းခန်းမတွင် ပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး

သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးဆောင်ရွက်

မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါနှင့် အခြား ကူးစက်တတ်သော ရောဂါများ မဖြစ်ပွားစေရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့၌ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို

တန့်ယန်းမြို့နယ်တွင် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေး စစ်ဆေးပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာရေးစစ်ဆေးမှုအား ယမန်နေ့ နံနက်ပိုင်းက အမှတ်(၉) အခြေခံပညာ မူလတန်းလွန် ကျောင်း၌ ဆောင်ရွက်သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ Community Centre ခန်းမတွင် စက်တင်ဘာလ(၂၇)ရက် နေ့လည်ပိုင်းက  ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် (၁၆) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၂-ခုနှစ်၊ စက်တင်ဘာလ (၂၈)ရက်နေ့၌ ကျရောက်သည့် (၁၆)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
Subscribe to