သာယာဝတီမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဆွေးနွေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ သာယာဝတီမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း ကျေးရွာ(၁၀)ရွာ စိစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ဘိုကြီးကုန်းကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

လွိုင်လင် မူလတန်းကြိုကျောင်း၌ မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ဉာဏ စွမ်းရည်ပြိုင်ပွဲ ဆုပေးပွဲကျင်းပ

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လွိုင်လင်မူလတန်းကြိုကျောင်း၌ မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ဉာဏ စွမ်းရည်ပြိုင်ပွဲ ဆုပေးပွဲကို

မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး နှာခေါင်းစည်းအခုရေ (၁၀၀၀) ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေး

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် တစ်ကျော့ပြန် ကူးစက်မှုမရှိစေရေးတို့အတွက် ပြည်သူများလက်ဝယ်အရောက်နှာခေါင်းစည်း Mask များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးရှေ့ လမ်းမကြီးတွင် ဆောင်ရွက်ပေးကြောင်း သိရသည်။

ငပုတောမြို့နယ်တွင် ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ကမ်းနီ‌ကျေးရွာအုပ်စုတွင် ခရိုင်နှင့် မြို့နယ်သီး‌နှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၁ဝ နာရီ ၃၀ အချိန်က ကျေးရွာအုပ်ချုပ် ရေးမှူးရုံး၌ ကျင်းပသည်။

လဲချားတွင် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခွေးရူးရောဂါ အသိပညာပေး ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ၂၀၂၂ ခုနှစ် ယမန်နေ့က ကျရောက်သော (၁၆)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အဖြစ် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ယနေ့မွန်းလွဲ(၂) နာရီအချိန်က မူလွန် (၂)ကျောင်းတွင်ခွေးရူးရောဂါ အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ပါသည်။

ဘားအံမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး Mask Campaign ပြုလုပ်ခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့်  ယနေ့နံနက်ပိုင်းက အမှတ်(၆) သိရီဈေးရှေ့တွင် Mask Campaign ပြုလုပ်ခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ပန်းတောင်းမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားရေးအသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်စာရေးဆရာအသင်းတို့မှပူးပေါင်း၍ မျိုးဆက်သစ်လူငယ်များ စာဖတ်ရှိန်မြင့်မားလာစေရန်ရည်ရွယ်၍ အ.ထ.ကခွဲ(ရွာသာယာ)အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လယ်ပိုင်းက စာပေဟောပြောခဲ့ကြောင်းသိရသည်။

ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို  ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့တွင်  မြို့နယ်ရုံးဝန်ထမ်းများက

ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဘိုကလေးမြို့နယ်တွင် ခွေး၊ ကြောင်များအား ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေး

ခွေးရူးရောဂါကြောင့် သေဆုံးမှုများ မရှိစေရေးအတွက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန၌ မြို့နယ်တွင်းရှိ ခွေး၊ ကြောင်များအား ယမန်နေ့ နံနက်(၈)နာရီတွင် ခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခဲ့သည်။

အုတ်ဖိုမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး

ကျောင်းသား၊ ကျောင်းသူများ အသိပညာဗသုသုတများတိုးပွားလာစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိလာစေရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က အ.မ.က သစ်ဆိမ့်ကုန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
Subscribe to