ရေဖြူမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ရောဂါ တားဆီးကာကွယ်ရေး Mask Campaign နှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရေဖြူ စက်တင်ဘာ ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီခွဲက ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းစောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းများကို စနစ်တကျ တပ်ဆင်သည့်အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာကျင့်သုံးဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသည် မြို့နယ်အတွင်း လူစည်ကားသည့်နေရာများတွင် အသိပညာပေးလှုပ်ရှားမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထိုသို့ အသိပညာပေးခင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ရေဖြူမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်လင်းနိုင်၊ အဖွဲ့ဝင်(၂) ဦးဦးဧရာထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး လှနောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးမြင့်နှင့် ဝန်ထမ်းများ၊  ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးအဖွဲ့ဝင်များ၊  ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများဖြစ်သည့် ရေဖြူမြို့ (က)ရပ်ကွက် အမှတ်(၂)စည်ပင်သာယာဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများကို အသိပညာပေးနှိုးဆော်ပြောကြားပြီး လက်ကမ်းစာစောင်နှင့်နှာခေါင်းစည်း Mask များအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

ခတ္တာ