စလင်းမြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှစိုက်ပျိုးထားရှိသည့် အထူးစိမ်းတစ်အုပ်တစ်မ စိုက်ခင်းနှင့်အခြားစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ စိုက်ပျိုးထားရှိသည့် အခြားစိုက်ခင်း (၃၀) ဧကနှင့် အထူးစိမ်းတစ်အုပ်တစ်မ စိုက်ခင်းများအား ၂၀၂၀ - ၂၀၂၁ ခုနှစ်များက စိုက်ပျိုးခဲ့ရာ ယမန်နေ့က အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်ကျေးရွာလုပ်သားများ စုပေါင်း၍ မြေသြဇာကျွေးခြင့်နှင့် ပေါင်းမြက်များသန့်ရှင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။