သရက်ချောင်းမြို့နယ်တွင် (၁၆)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့်လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ(၂၈)ရက်နေ့တွင်ကျရောက်ခဲ့သော (၁၆) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေး နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းအခမ်းအနားကိုယနေ့နံနက် ၉နာရီအချိန်က သရက်ချောင်းမြို့၊ ပန်းတောရပ်ကွက်နေ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူ တောင်သူတစ်ဦး၏ နေအိမ်တွင်ကျင်းပခဲ့ကြောင်းသိရသည်။

မယ်စဲ့မြို့နယ်ပေါ်ရပ်ကွက်သို့ ရေပေးဝေရေးလုပ်ငန်းများ ပုံမှန်ပြန်လည်ဖြန့်ဝေ

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့ပေါ်ရပ်ကွက်များသို့ နေ့စဉ်ရေပေးဝေခြင်းလုပ်ငန်းများ ဖြန့်ဝေပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းလတ်က ရေဖြန့်ဝေနေမှုအခြေအနေများကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

မအီမြို့တွင် ရာသီပေါ် ဝါကျွတ်မှို (ငှက်စွပ်မှို) ယခင်နှစ်များထက် ဈေးကောင်းရသဖြင့် မှိုလာရောက်ရောင်းချသူများ အဆင်ပြေ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့နယ်တွင် အမ်းမြို့နယ်/ ရမ်းဗြဲမြို့နယ် ကျေးရွာများမှ ယခုလရာသီပေါ် ဝါကျွတ်မှို(ငှက်စွပ်မှို) လာရောက်ရောင်းချသူများမှာ ယခင်နှစ်များထက် ဈေးကောင်းရသဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မိုင်းငေါ့မြို့၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ကျောက်မဲခရိုင် ၊မိုင်းငေါ့မြို့တွင် ယမန်နေ့နံနက်(၈)အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ကိုဗစ်-၁၉ ရောဂါပိုး ကာကွယ် ထိန်းချုပ်နိုင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ဒေသခံ ပြည်သူများ၊ ကျောင်းသား ၊ကျောင်းသူများ၊ ခရီးသွားလာနေကြသောပြည်သူများ နေအိမ်မှ ပြင်ပသို့ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်တတ်သည့် အလေ့အထများကို သိရှိလိုက်နာကျင့်သုံးစေရေးရည်ရွယ်၍ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းဖြစ်ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၊အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ နံရံကပ်စာစောင် ပြသခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ “ကလေးအလုပ်သမားပပျောက်ရေး” အသိပညာပေးလက်ကမ်းစာစောင်ဖြန့်‌ဝေခြင်းနှင့်နံရံကပ်စာစောင် ပြသခြင်းများကို ယနေ့နံနက် (၁၀) နာရီက အမှတ်(၄) အခြေခံပညာအလယ်တန်းကျာင်း(ခွဲ)တွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose မထိုးနှံရသေးသည့် ဝန်ထမ်းများနှင့် ပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေး ဆက်လက်ထိုးနှံ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံးကြီး၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း Booster Dose ဒုတိယအကြိမ်၊ တတိယအကြိမ်နှင့် စတုတ္ထအကြိမ် မထိုးနှံရနေသေးသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ယမန်နေ့ နံနက်(၁၀)နာရီမှစ၍ ကျန်းမာရေးဌာနမှဝန်ထမ်းများက ခရိုင်ပြည်သူ့ဆေးရုံကြီးရှိ အစည်းအဝေးခန်းမတွင် ထိုးနှံပေးလျက်ရှိသည်။

လှည်းကူးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှာခေါင်းစည်း Mask များဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ကာကွယ်တာဆီးထိန်းချုပ်ရေးလုပ်ငန်းများကို ယနေ့နံနက်(၇)နာရီက ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်းစောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများနှင့်

စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအနေဖြင့် ယနေ့နံနက် (၉) နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စကားပုံဆက် ပြိုင်ပွဲများ ကျင်းပခဲ့သည်။

လှိုင်းဘွဲမြို့နယ်၊အောက်ရေပူကျေးရွာ၌ နိုင်ငံ့စီးပွားမြင့်တင်ရေးအတွက် အရင်းမပျောက်မတည်ငွေ ချေးယူမည့်တောင်သူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတွေ့ဆုံဆွေးနွေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် အောက်ရေပူကျေးရွာ  ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ နိုင်ငံ့စီးပွားမြင့်တင်ရေးအတွက်  အရင်းမပျောက်မတည်ငွေများကို ချေးယူကြရန်အတွက် စာရင်းပေးထားသော တောင်သူများအား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊မြို့နယ်စိုက်ပျိုးမှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုအဖွဲ့မှ ဌာနဆိုင်ရာတာဝန်ခံများက ယမန်နေ့မွန်းလွဲပိုင်းအချိန်က တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး မက်မန်းခရိုင်/ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်နှင့်အဖွဲ့သည် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ(၁)နာရီက တွေ့ဆုံသည်။
Subscribe to