ရန်ကင်းမြို့နယ်၊ အား/ကာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မိုးရာသီမြန်မာ့သိုင်းသင်တန်း ဖွင့်လှစ်
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ ရန်ကင်းမြို့နယ်အား/ကာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မိုးရာသီမြန်မာ့သိုင်းသင်တန်းကို ၁၅-၉-၂၀၂၂ ရက်နေ့မှ ၁၅-၁၀-၂၀၂၂ ရက်နေ့အထိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် မိုးရာသီမြန်မာ့သိုင်းသင်တန်းကို ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။