လိပ်သိုမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ်ထိုးနှံပြီးသူများအား ထပ်ဆောင်း (Booster Dose)  စတုတ္ထအကြိမ်ထိုးနှံပေး

လိပ်သို  စက်တင်ဘာ  ၂၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ်ထိုးနှံပြီးသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ထပ်ဆောင်း (Booster Dose) စတုတ္ထအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က အမှတ် (၄) ရပ်ကွက် တိုက်နယ်ကျန်းမာရေးဦးစီးဌာနဆေးခန်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို မြို့ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် လိပ်သိုတိုက်နယ် ကျန်းမာရေးဦးစီးဌာန ဝန်ထမ်း များက တတိယအကြိမ်ထိုးနှံပြီးသော ပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac) ကို ထိုးနှံပေးခဲ့ပြီး ကျန်ရှိနေသောပြည်သူများအား နောက်ရက်တွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)