တောင်သာ စက်တင်ဘာ ၂၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက (၁၆) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် တောင်သာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဝင်းက ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့နှင့် ပတ်သတ်၍ ဟောပြောရာတွင် ခွေးရူးရောဂါဟာ ကမ္ဘာအဝှမ်းမှာ တိရစ္ဆာန်မှ လူကိုကူးစက်နိုင်တဲ့အတွက် အရေးကြီးတဲ့လုပ်ငန်းဖြစ်သောကြောင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန် လိုပါကြောင်း၊ ခွေးရူးကိုက်ခံရပါက ကာကွယ်ဆေးရှိသော်လည်း ခွေးရူးရောဂါဖြစ်ပါက အသက် သေဆုံးနိုင်သောကြောင့် ခွေးရူးရောဂါအန္တရာယ်သိရှိဖို့အတွက် ခုလိုအခမ်းအနားကိုပြုလုပ်၍ ဟောပြောပွဲ ပြုလုပ်ရခြင်းဖြစ်ပါကြောင်းနှင့် ခွေးရူးရောဂါများနှင့်ပတ်သတ်၍ ဆွေးနွေးဟောပြောခဲ့ ပြီးနောက်ခွေးများကို ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ယင်းအခမ်းအနားသို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဝင်းနှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်း များ၊ လက်ပံတောကျေးရွာ၊တမိုက်သာ ကျေးရွာ၊ မြေဖြူကုန်းကျေးရွာ၊ ပြဿကြီးကျေးရွာ၊ ဝက်ကြီး ကုန်းကျေးရွာ၊ ပဒတ်စာကုန်းကျေးရွာ၊ ရသစ်ကျေးရွာ၊ သာပေါင်းလေးကျေးရွာ၊ အုတ်သျှစ် ပင်ကျေးရွာ၊ ကန်သုံးဆင့်ကျေးရွာမှ မွေးမြူရေးလုပ်သားများ စုစုပေါင်း(၂၅)ဦး တက်ရောက်ခဲ့ ကြကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)