တောင်သာ စက်တင်ဘာ ၂၉
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့နံနက်(၁၁)နာရီအချိန်က တိုင်းရင်းကြက်မွေးမြူရေးပညာပေးသင်တန်း ဖွင့်လှစ်ပို့ချ ဆောင် ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ သင်တန်းတွင် တောင်သာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဝင်းက တိုင်းရင်းကြက်မွေးမြူရေးပညာပေးသင်တန်းဖွင့်လှစ်ပို့ချရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းအား ဆက် လက်ပို့ချရာတွင် သင်တန်း နည်းပြများအဖြစ် တောင်သာမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဝင်းနှင့်ဒုတိယဦးစီးမှူး ဒေါ်သဇင်ခိုင်ဝင်းတို့က ကြက်များတွင် ဖြစ်တတ်သော ရောဂါများ၊ ကာကွယ်ဆေးများ၊အာဟာရ ဗေဒများ၊ ကြက်ခြံတည်ဆောက်ခြင်း လုပ်ငန်းများ၊ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်များ စသည့်ဘာသာရပ်များ ပို့ချဆောင်ရွက်မှာ ဖြစ်ကြောင်းနှင့် ၎င်းသင်တန်းကို စက်တင်ဘာ(၂၈)ရက်နေ့မှ စက်တင်ဘာ(၃၀)ရက်နေ့ထိ(၃)ရက်တာ သင်ကြားပို့ချဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
ယင်းသင်တန်းသို့ လက်ပံတောကျေးရွာ၊တမိုက်သာ ကျေးရွာ၊မြေဖြူကုန်း ကျေးရွာ၊ပြဿကြီး ကျေးရွာ၊ ဝက်ကြီးကုန်း ကျေးရွာ၊ပဒတ်စာကုန်း ကျေးရွာ၊ရသစ် ကျေးရွာ၊သာပေါင်းလေး ကျေးရွာ၊ အုတ်သျှစ်ပင် ကျေးရွာ၊ ကန်သုံးဆင့် ကျေးရွာမှ မွေးမြူရေးလုပ်သားများ စုစုပေါင်း (၂၀)ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)