တောင်သာ စက်တင်ဘာ ၂၉
တောင်သာမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဉက္ကဋ္ဌ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးဟန်သူရ၏ ဦးဆောင်မှုဖြင့်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသည့် အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ခြင်းနှင့် ကိုဗစ်-၁၉စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင် သည့် အလေ့အထကောင်းများ ရရှိစေရန်အတွက် ယနေ့နံနက်(၈)နာရီ အချိန်က မြို့မစည်ပင်သာယာ ဈေးအနီးပတ်ဝန်းကျင်နှင့် တောင်သာ-မြင်းခြံမော် တော်ကားလမ်းဘေးဝဲ/ယာ၌ Mask Campaignပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Mask Campaignပြုလုပ်ဆောင်ရွက်ရာတွင် လမ်းသွားလမ်းလာပြည်သူများ၊ ဈေးရောင်းဈေးဝယ်များအား ကျန်းမာရေးဝန်ကြီး ဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉စည်းကမ်းချက်များနှင့်အညီ နေထိုင်လုပ်ကိုင်စေရေး၊ပါးစပ်နှင့်နှာခေါင်းစည်း Mask ကိုစနစ်တကျ တပ်ဆင်စေရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဉက္ကဋ္ဌ ဦးဟန်သူရနှင့်အဖွဲ့ ဝင်များ၊ ကြက်ခြေနီ အဖွဲ့ဝင်များပူးပေါင်း၍ Mask အခုရေ(၃၀၀၀)ခုအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)