ငါန်းဇွန်မြို့တွင် နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်သွားလာရေး Mask Campaign ဆောင်ရွက်

ငါန်းဇွန်  စက်တင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ယနေ့နံနက် ၈ နာရီက အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာသည့်အခါတိုင်း Mask စနစ်တကျ တပ်ဆင်ရေးသွားလာရေး Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ Mask Campaign ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ပူးပေါင်း၍ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask တပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် အခြေခံပညာ အထက်တန်း ကျောင်းရှေ့တွင် ကျောင်းသား၊ ကျောင်းသူများနှင့် လမ်းသွားလမ်းလာပြည်သူများအား Mask တပ်ဆင်ရန် လှုံ့ဆော်ခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ညွှန်ကြားချက်များနှင့်အညီ ပြည်သူများတိတိကျကျ လိုက်နာဆောင်ရွက်သွားရန် အသိပညာပေး လက်ကမ်းစာစောင် (၅၀၀) ခု ဖြန့်ဝေပေးခြင်း၊ Mask အခုရေ (၁၀၅၀) ခုအား ဝေငှခြင်း၊ Mask စနစ်တကျ တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)