ကျိုင်းတုံ စက်တင်ဘာ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ စာပေဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။
Talk Show ဆွေးနွေးပွဲတွင် ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေး က စာပေဆိုင်ရာအကြောင်းအရာများအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင် းပြောကြားပြီး စာရေးဆရာ ဆာယာ-လှမြင့်နှင့် စာပေချစ်မြတ်နိုး သူ ဦးထွန်းသိုက်တို့က စာပေဖတ်ရှုခြင်းဖြင့် အသိပညာ၊ ဗဟုသုများပြည့်ဝခြင်း၊ နှလုံးလှ၍ လိမ္မာရေးခြားရှိပြီး ဘဝမြင့်မား လာစေမည်ဖြစ်ကြောင်း၊ ပြည်သူများ စာပေဖတ်ရှုမှု တိုးပွားလာစေရေး အားလုံးဝိုင်းဝန်း ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် စာပေဆိုင်ရာ အကြောင်းအရာ များကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲ အစီအစဉ်အပြည့်အစုံကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် We Love Kyaing Tong Facebook Page တွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)