စမ်းချောင်းမြို့နယ်တွင် အသက်၉ နှစ်မှ ၁၈ နှစ်သီလရှင် ဆရာလေးများအား HPV သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံ
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်း မြို့နယ်တွင် ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲ (၁)နာရီက ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက စမ်းချောင်းမြို့နယ် မုန့်လုပ်ဆောင်းကုန်း (တောင်) ရပ်ကွက်၊ သုခိတာရာမ မြန်အောင်သီလရှင် စာသင်တိုက်၌ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။