တနိုင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး မြေစိုက်ဘုတ်စိုက်ထူ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးစို့” မြေစိုက်ဘုတ်ကို တနိုင်းမြို့၊ ဟူးကောင်းခန်းမရှေ့နှင့် လီဒိုလမ်းမကြီးပေါ် ရဲစခန်းရှေ့ နေရာများတွင် ယမန်‌နေ့ နံနက် ၈ နာရီက စိုက်ထူခဲ့သည်။

ထန်းတပင်မြို့နယ်၌ သွေးတိုး၊ ဆီးချို နှလုံးသွေးကြောကျဥ်း ရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်းရောဂါဝေဒနာရှင်များအတွက် အပတ်စဥ် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် မြို့နယ်ပြည်သူ့ဆေးရုံ၊ လူနာစောင့်များ နားနေဆောင်၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး ကျင်းပသော မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်အဖြစ် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြသလွန် စေတီတော်ရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးကြီးသန်းနိုင်ညွန့်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ မကွေး တပ်နယ်မှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ စေတနာရှင် အလှူရှင်များ၊ ဘုရားဖူးပြည်သူများ တက်ရောက်ခဲ့ကြသည်။

သာယာဝတီမြို့၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင် မဲစာရင်းများ ကြေငြာထားရှိမှုအခြေအနေများအား ကြည့်ရှု

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေးအတွက် မဲစာရင်းများကြေငြာထားရှိမှု အခြေအနေများကို အောက်တိုဘာ ၈ ရက် နံနက်ပိုင်းက သာဟာဝတီမြို့၊ စျေးလမ်းရှိ သမ္မာဆန္ဒဓမ္မာရုံတွင် မဲစာရင်းကပ်ထားကြေငြာထားရှိမှုအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်မှ ကြည့်ရှုစစ်ဆေးခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင် လက်ပံတန်း၌ မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာထားမှုကို ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်သို့ ရောက်ရှိပြီး ချမ်းသာကုန်းကျေးရွာနှင့် ကွမ်းခြံကျေးရွာ တို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ပထမကြိမ်မဲဆန္ဒရှင် စာရင်းများ ကပ်ထားကြေညာထားမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

(၁၁၈)ကြိမ်မြောက် ကွမ်းခြံကုန်းမြို့နယ် မြို့နယ်လုံးဆိုင်ရာနှစ်ကျိပ်ရှစ်ဆူ မြတ်စွာဘုရားလှည့်လည်ပူဇော်ခံပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့မရပ်ကွက်တွင် (၁၁၈)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူမြတ်စွာဘုရားလှည့်လည် ပူဇော်ခံပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံ Kronstadt ခရိုင်နှင့် မြန်မာနိုင်ငံ သန်လျင်ခရိုင် နှစ်နိုင်ငံချစ်ကြည်ရေး အထိမ်းအမှတ် အခြေခံပညာအဆင့် ပန်းချီပြိုင်ပွဲ သုံးခွမြို့၌ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ရုရှားနိုင်ငံ Kronstadt ခရိုင်နှင့် မြန်မာနိုင်ငံသန်လျင်ခရိုင် နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ် အခြေခံပညာအဆင့် ပန်းချီပြိုင်ပွဲကို အောက်တိုဘာ ၈ ရက် နံနက် ၉ နာရီက အ.ထ.က(၁) အစည်းအဝေးခမ်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပုလောမြို့ အရှေ့ကျောင်းတိုက် မြို့ကျက်သရေစေတီတော်၌ ဘုရားဖူးပြည်သူများဖြင့် စည်ကား

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့တွင် သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့၌ ပုလောမြို့အရှေ့ကျောင်းတိုက် မြို့ကျက်သရေ ဆောင်စေတီတော်၌  ဘုရားဖူးပြည်သူများဖြင့်  စည်ကားလျက်ရှိသည်။

မြို့သစ်မြို့နယ်၌ “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြပါစို့” ဗီနိုင်းပိုစတာများ စိုက်ထူ

၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် "နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့မဲပေးကြစို့" ဗီနိုင်းပိုစတာများကို မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့ပေါ် နေရာ ၃ ခု၌ ယမန်နေ့နံနက် ၉ နာရီအချိန်က စိုက်ထူခဲ့သည်။

ရေကြည်မြို့နယ်ရှိသမိုင်းဝင် ဒီပါရုံစေတီတော်မြတ်ကြီးအတွင်း ကိန်းဝပ်စံပါယ်တော်မူသော ဗုဒ္ဓရုပ်ပွားတော်မြတ်မြို့တွင်းသို့ ဒေသစာရီ ကြွချီ

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်တွင် နှစ်စဥ်ကျင်းပပြုလုပ်မြဲဖြစ်သည့် သမိုင်းဝင်ဒီပါရုံစေတီတော်မြတ်ကြီးအတွင်း ကိန်းဝပ်စံပါယ်တော်မူသော ဗုဒ္ဓရုပ်ပွားတော်မြတ်မြို့တွင်းသို့ လှည့်လည်အပူဇော်ခံပွဲကို ယမန်နေ့ည(၇)နာရီအချိန်က စတင်၍ မြို့တွင်းလမ်းမများတစ်လျောက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to